၂၀၁၇ ခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် မက်ဆီ၊ နေမာ၊ လီဝန်ဒေါစကီး၊ ဟီဂူရင်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်တယ်လို့ ဒီဆုအတွက် နာမည်ထွက်နေတဲ့ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ဒီဆုကို ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို လေးကြိမ်ရရှိထားသူ ဖြစ်ပါတယ်။
သူဟာ မန်ယူကစားသမားဘဝ ၂၀၀၈ ခုနှစ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ပထမဆုံး ရရှိခဲ့သူ ဖြစ်ပါတယ်။
ဒီဆုကို ရီးရဲလ်ကစားသမားဘဝနဲ့ ၂၀၁၃၊ ၂၀၁၄ နဲ့ ၂၀၁၆ ခုနှစ်တွေမှာလည်း ရရှိထားပြီး အခုနှစ်မှာလည်း ရေပန်းစားနေသူ ဖြစ်ပါတယ်။
6 years Ago