ကမ္ဘာ့အကြီးဆုံး

A d v e r t i s e m e n t With Us

April 15, 2019

ကမ္ဘာ့အကြီးဆုံး လေယာဉ် အမေရိကန်တွင် စမ်းသပ်ပျံသန်း

ကမ္ဘာ့အကြီးဆုံး လေယာဉ်ဟာ အမေရိကန်နိုင်ငံ ကာလီဖိုးနီးယား ပြည်နယ် မိုဟာဗီ ကန္တာရကို ဖြတ်သန်းပြီး ဧပြီ ၁၃ ရက်က စမ်းသပ် ပျံသန်းခဲ့ပါတယ်။ ရော့ခ်လို့ နာမည်ပေးထားတဲ့ ဒီလေယာဉ်ရဲ့ တောင်ပံ နှစ်ဖက်ဟာ အမေရိကန် ဘောလုံးကွင်း တကွင်းစာလောက် ကျယ်ပါတယ်။ အင်ဂျင်၆လုံး တပ်ဆင်ထားတဲ့ ဒီလေယာဉ်ဟာ  ဘေးကင်းကင်း ပြန်မဆင်းခင် ၂နာရီကျော်ကြာ ပျံသန်းခဲ့ပါတယ်။ အဲဒီနောက် မိုဟာဗီ လေကြောင်းနဲ့ အာကာသ စခန်းဆီကို ပြန်ဆင်းသက်ခဲ့တာမှာ ရာနဲ့ချီတဲ့ လူတွေက ကောင်းချီးပေးခဲ့ပါတယ်။ စထရာတို လောင့်ခ်ျ စစ်စတမ် ကော်ပိုရေးရှင်းက  ကာဗွန် ကွန်ပိုဇစ် နည်းပညာသုံးပြီး အင်မတန် ခိုင်မာပေါ့ပါးတဲ့၊ ကာဗွန်အမျှင်တွေနဲ့ အားဖြည့် ထုတ်လုပ်ထားတဲ့ ပလတ်စတစ်နဲ့ ဒီလေယာဉ်ကို တည်ဆောက်ခဲ့တာပါ။ ဒီကော်ပိုရေးရှင်း ကိုတော့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ ပေါလ်အယ်လန်က ပုဂ္ဂလိက အာကာသ ဈေးကွက်ကိုဝင်ဖို့ တည်ထောင်ခဲ့ပါတယ်။ ဒီလေယာဉ်ဟာ ပေါင်ငါးသိန်းထိ လေးတဲ့ အာကာသယာဉ်တွေနဲ့ ဒုံးကျည်တွေသယ်ပြီး အမြင့် ပေ ၃သောင်းခွဲမှာ ပျံနိုင်ပါတယ်။ စနေနေ့က စမ်းသပ်ပျံသန်းမှုမှာ တနာရီကို ၁၈၉ မိုင်ထိ အမြင့်ဆုံးနှုံးနဲ့ အမြင့်ပေ ၁၇၀၀၀ ထောင်မှာ ပျံသန်းခဲ့တယ်လို့ စထရာတိုလောင့်ခ်ျက ပြောပါတယ်။ ဓာတ်ပုံ Credit: Gene Blevins/LA Daily News
2 years Ago

October 29, 2017

ကမ္ဘာ့အကြီးဆုံး လေအားလျှပ်စစ်ထုတ်လုပ်ရေးသင်္ဘောကို ရှန်ဟိုင်းတွင် စတင်မိတ်ဆက်

ကမ္ဘာ့အကြီးဆုံး ကမ်းလွန် လေအားလျှပ်စစ်ထုတ်လုပ်ရေး သင်္ဘော ကျန်းဟွာ လောင်ယွမ် အမှတ် ၃ ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ စနေနေ့က စတင် မိတ်ဆက် လိုက်ပါတယ်။ မီတာ တရာရှည်ပြီး ၄၃ မီတာ ကျယ်တဲ့ သင်္ဘောဟာ အမြင့် ၈ မီတာ ရှိပြီး ကမ္ဘာ့အကြီးဆုံး ပင့်တင်နိုင်စွမ်း ဖြစ်တဲ့ တန်ချိန် ၂ ထောင်ကို တင်ဆောင်နိုင်ပါတယ်။ ဒါကြောင့် ပင်လယ်ပြင်မှာ လေအားသုံး တာဘိုင်တွေ တပ်ဆင်ရာမှာ ထိရောက်မှု အကြီးအကျယ် မြှင့်တင်ပေးပြီး ကုန်ကျစရိတ်ကို လျှော့ချပေးတယ်လို့ ကျန်စုပြည်နယ် လောင်ယွမ် ကျန်းဟွာ သမုဒ္ဒရာ အင်ဂျင်နီယာ ကုမ္ပဏီ မန်နေဂျာချုပ် လီကျဲက ပြောပါတယ်။ ဒီသင်္ဘောရဲ့ အဓိက အစိတ်အပိုင်းတွေ အားလုံးကို တရုတ်နိုင်ငံထဲမှာတင် ထုတ်လုပ်ထားတာပါ။ တရုတ်ရဲ့ ပိုးလမ်း ၂ သွယ် စီမံကိန်း တည်ဆောက်ရေးနဲ့ ကမ်းလွန်လေအား လျှပ်စစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့လည်း ဖြစ်တယ်လို့ ရှန်ဟိုင်း ကျန်းဟွာ ဆိပ်ကမ်း စက်ပစ္စည်း ကုမ္ပဏီဥက္ကဋ္ဌ ဟွမ်ချင်းဖှန်က ပြောပါတယ်။ နောက်တဆင့်မှာ သင်္ဘောဟာ စီစဉ်ထားတဲ့အတိုင်း လုပ်ငန်းကို သက်ဆိုင်ရာမှာ အပ်နှံမှာ ဖြစ်ပါတယ်။
3 years Ago
Up