ကမ္ဘာ့အမြန်ဆုံး

April 27, 2019

ကမ္ဘာ့အမြန်ဆုံး စံချိန်တင်တော့မည့် လန်ဒန်မြို့က တုတ်တုတ်ယာဉ်

လန်ဒန်မြို့က ယာဉ်တွေကို အန်တုပြီး ကမ္ဘာ့အမြန်ဆုံး စံချိန်တင်ဖို့ ပြင်ဆင်မယ်ဆို ရင်တော့ အဆင်ပြေမယ် မထင်ပါဘူး။ ဒါပေမယ့် စီးပွားရေးသမား မတ်အဲဗာရက်ဒ်ကတော့ မကြာခင် သူဟာ ကမ္ဘာ့အမြန်ဆုံး တုတ်တုတ်ယာဉ်လေးရဲ့ ပိုင်ရှင် ဖြစ်တော့မယ်ဆိုပြီး ယုံကြည်နေပါတယ်။ အဲဗာရက်ဒ်ဟာ eBay ၀က်ဘ်ဆိုက် လေလံပွဲက ၀ယ်ယူခဲ့တဲ့ ထိုင်းနိုင်ငံလုပ် ရှေးဟောင်း သုံးဘီးတပ် တုတ်တုတ်ယာဉ်လေးကို စတာလင်ပေါင် ၂  သောင်းနဲ့ အချိန် ၅ လပေးပြီး ပြင်ဆင် မွမ်းမံထားပါတယ်။ ရှေ့လမှာဆိုရင် အဲဗာရက်ဒ်ဟာ အဲဒီ တုတ်တုတ်ယာဉ်လေးနဲ့ ယော့ရှိုင်းယား လေယာဉ်ကွင်းမှာ ပြိုင်ပွဲဝင်ဖို့ စီစဉ်ထားပြီး တနာရီ မိုင် ၁၀၀ စံချိန်ချိုးဖို့ ပြင်ဆင်ထားပါတယ်။ လက်ရှိ ကမ္ဘာ့စံချိန် တုတ်တုတ်ယာဉ် အမြန်နှုန်းက တနာရီကို ၆၈ မိုင်နှုန်း ဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ ယာဉ်လေးမှာ နည်းပညာပိုင်း မွမ်းမံမှုတချို့ လုပ်လိုက်ရင် အဲဒီစံချိန်ကို အလွယ်တကူ ရနိုင်တယ်ဆိုပြီး  အဲဗာရက်ဒ်ကပြောပါတယ်။ သူရဲ့ ယာဉ်လေးမှာ ရင်းနှီးမြှုပ်နှံတဲ့အနေနဲ့ မူရင်း အင်ဂျင် ပါဝါ  ၃၅၀ အစား အနည်းဆုံး တစ်နာရီ မိုင် ၉၀ နှုန်း မောင်းနိုင်တဲ့ ဒိုင်ဟတ်ဆု ၁၃၀၀ စီစီကို အစားထိုးထားပါတယ်။ ဒီထက်အရေးကြီးတာကတော့ အဲဗာရက်ဒ်ဟာ ဒီကမ္ဘာ့စံချိန်ချိုးအောင်ပွဲက ရရှိငွေကို ပရဟိတလုပ်ငန်းတွေကို လှူဒါန်းသွားဖို့ မျှော်လင့်ပြီး အက်ဆက်ကောင်တီက ဆေးရုံသစ် ဆောက်လုပ်မယ့် ပေါင် ၁၈ သန်း စီမံကိန်းကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။
2 years Ago
Up