ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု

A d v e r t i s e m e n t With Us

October 20, 2015

ဖီဖာ ကမ္ဘာ့အကောင်းဆုံးဆု ဆန်ကာတင်စာရင်း လာလီဂါ ကစားသမားများ လွှမ်းမိုး

၂၀၁၅ ဖီဖာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ကာတင် ၂၃ ဦးကို အောက်တိုဘာ ၂၀ ရက်နေ့က ထုတ်ပြန်ရာ စပိန် လာလီဂါ ကစားသမားတွေ အများဆုံး ပါဝင်ပါတယ်။ ဒီဆန်ကာတင်စာရင်းမှာ ဘာစီလိုနာအသင်းက ၆ ဦးနဲ့ အများဆုံး ရွေးချယ်ခံရပြီး မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်၊ အင်နေစတာ၊ မာရှေယာနိုနဲ့ ရာကီတစ်တို့ ဖြစ်ကြပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ ၅ ဦး ရွေးချယ်ခံရပြီး ရော်နယ်ဒို၊ ဘေးလ်၊ ဘန်ဇီမာ၊ တိုနီခရူးစ်နဲ့ ဂျိမ်းရိုဒရီဂွက်ဇ်တို့ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ကျန်ခဲ့တဲ့ ၂ နှစ်ဆက်တိုက် ဖီဖာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံထားရတာပါ။ ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်ကလည်း ၅ ဦး ရွေးချယ်ခံရပြီး လီဝမ်ဒေါစကီး၊ မူလာ၊ နူအာ၊ ရော်ဘင်နဲ့ ဗီဒယ်တို့ ဖြစ်ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ်ကတော့ ၅ ဦး ရွေးချယ်ခံရပြီး ဆန်းချက်စ် (အာဆင်နယ်)၊ ဟာဇက် (ချဲလ်ဆီး) နဲ့ အဂွီရို၊ တိုရေး၊ ဒီဘရွန်း (မန်စီးတီး) တို့ပဲ ဖြစ်ကြပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး မန်ယူအသင်းကတော့ ဒီဆု ဆန်ကာတင်စာရင်းမှာ တဦးမှ ပါဝင်ခြင်း မရှိပါဘူး။ အီတလီစီးရီးအေ လက်ရှိချန်ပီယံ ဂျူဗင်တပ် ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီ တိုက်စစ်မှူး အီဘရာမိုဗစ်ခ်ျတို့လည်း ဒီစာရင်းမှာ ပါဝင်ပါတယ်။ ဒီ ဆန်ကာတင် ၂၃ ဦးထဲကမှ အကောင်းဆုံးဆုကို နိုင်ငံ့လက်ရွေးစင်အသင်း ခေါင်းဆောင်တွေ၊ နည်းပြချုပ်တွေ၊ ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ရွေးချယ်တဲ့ နိုင်ငံတကာ မီဒီယာ အသီးသီးက ကိုယ်စားလှယ်တွေ မဲပေးရွေးချယ်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံရသူကိုတော့ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီ ၁၁ ရက်နေ့ကျရင် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ အခမ်းအနားနဲ့ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။
5 years Ago
Up