ကမ္ဘာ့အရှည်ဆုံးလည်စည်းပုဝါ

July 2, 2018

ကမ္ဘာ့အရှည်ဆုံးလည်စည်းပုဝါ ယက်လုပ်သူအဖြစ် ကမ္ဘောဒီးယားနိုင်ငံသားများ သတ်မှတ်ခံရ

ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က တိုင်းတာစစ်ဆေးအပြီးမှာ ကမ္ဘောဒီးယားနိုင်ငံသားတွေဟာ ကမ္ဘာ့အရှည်ဆုံး လည်စည်းပုဝါ ယက်လုပ်သူအဖြစ် ဇူလိုင် ၁ ရက်နေ့က ကြေညာလိုက်ပါတယ်။ ကမ္ဘောဒီးယား ရိုးရာလည်စည်းပုဝါ ကရာမာကို တရားဝင်တိုင်းတာတဲ့ပွဲအား ထောင်နဲ့ချီတဲ့ ကမ္ဘောဒီးယား နိုင်ငံသားတွေ တက်ရောက်အားပေးခဲ့တာပါ။ ထောင်နဲ့ချီတဲ့လုပ်အားပေးတွေနဲ့ ယက်ကန်းပညာရှင်တွေဟာ ဒီလည်စည်းပုဝါကို ဖေဖော်ဝါရီ ၁၄ ရက်က စတင်ယက်လုပ်ခဲ့ပါတယ်။ ဒီလည်စည်းပုဝါကို ကမ္ဘာလှည့်ခရီးသည်တွေကြည့်ရှုနိုင်ဖို့ ကမ္ဘောဒီးယား နိုင်ငံသား တွေအတွက် အထူးနေရာတခုမှာ သိမ်းဆည်းမှာဖြစ်ပေမယ့် နေရာအတိအကျကိုတော့ မကြေညာရသေးပါဘူး။
3 years Ago
Up