ကမ္ဘာ့အချမ်းသာဆုံး

April 6, 2019

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး၏ လင်မယားကွာရှင်းမှု ၃၅ ဘီလီယံခန့်ဖြင့် စံချိန်တင်

ကမ္ဘာ့အချမ်းသားဆုံး အမျိုးသားဖြစ်တဲ့ အမေဇုန် ဝက်ဘ်ဆိုဒ်တည်ထောင်သူ ဂျဖ်ဘီဇို့စ်နဲ့ သူ့ဇနီးသည် မက်ကန်ဇိုင်းတို့ဟာ ကွာရှင်းဖို့ သဘောတူညီမှု ရရှိသွားကြပြီဖြစ်ပြီး ကွာရှင်းစရိတ်ဟာ အနည်းဆုံး ဒေါ်လာ ၃၅ ဘီလီယံလောက်ရှိတာကြောင့် ဒါဟာ သမိုင်းတလျောက် စံချိန်တင် ကွာရှင်းမှုဖြစ်လာနိုင်တယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ မက်ကန်ဇိုင်းဟာ ဒေါ်လာ ၃၅ ဒသမ ၆ ဘီလီယံနဲ့ ညီမျှတဲ့ အမေဇုန်ကုမ္ပဏီရဲ့ ရှယ်ယာ ၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူပါ။ အမေဇုန်ကို ဂျဖ်ဘီဇို့စ်က ၁၉၉၄ ခုနှစ် သူတို့နှစ်ဦး လက်ထပ်ပြီး တနှစ်အကြာမှာ တည်ထောင် ခဲ့တာဖြစ်ပြီး မက်ကန်ဇိုင်းဟာ ကုမ္ပဏီရဲ့ ပထမဆုံး ဝန်ထမ်းတွေထဲက တဦးလည်း ဖစ်ပါတယ်။ ကွာရှင်းမှုနဲ့ ပတ်သတ်လို့လက်ရှိ အချိန်အထိ နှစ်ဖက်စလုံးက အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေကိုသာ ပြုလုပ်ထားပြီး ကွာရှင်းမှုနဲ့ သက်ဆိုင်တဲ့ ငွေကြေးဆိုင်ရာ အသေးစိတ် အချက်အလက်တွေကတော့ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။ အမေဇုန် ရှယ်ယာတွေကြောင့် မက်ကန်ဇိုင်းဟာ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးစာ ရင်းမှာ နံပါတ် ၃ နေရာကို ရောက်ရှိသွားမှာဖြစ်ပြီး လျော်ကြေးပေးလိုက်ရပေမယ့် ဂျဖ်ကတော့ ကမ္ဘာ့အချမ်း သာဆုံးအဖြစ် ဆက်ရှိနေမယ်လို့ Forbes သတင်းက ဖော်ပြပါတယ်။ ဂျဖ်နဲ့ ဝတ္ထုဆရာမ တဦးဖြစ်တဲ့ မက်ကန်ဇိုင်းတို့ဟာ ၁၉၉၃ ခုနှစ်မှာ လက်ထက်ခဲ့တာဖြစ်ပြီး သူတို့မှာ သားသမီး လေးဦးရှိပါတယ်။ အိမ် ထောင်ရေးပြတ်ဆဲမှုပြုလုပ်ခဲ့တာကြောင့် ဂျဖ်ဟာ ကုမ္ပဏီရဲ့ ရှယ်ယာ ၁၆ ဒသမ ၃ ရာခိုင်နှုန်းကိုပိုင်ဆိုင်ထား ဆဲဖြစ်ပြီး အဲဒီပိုင်ဆိုင်မှုရဲ့ ၇၅ ရာခိုင်နှုန်းကိုဆက်ထိန်းထားနိုင်ပေမယ့် မက်ကန်ဇိုင်းကတော့ သူမရဲ့ မဲပေးရွေး ချယ်ပိုင်ခွင့်အားလုံးကို ပြန်လွဲပေးရမှာဖြစ်ပါတယ်။ ဒါအပြင်သူမဟာ ဝါရှင်တန်ပို့စ်သတင်းစာရဲ့ အကျိုးအမြတ်တဲ့ ဂျဖ်ပိုင်ဆိုင်တဲ့ Blue Origin အာကာသ ခရီးသွားကုမ္ပဏီက အကျိုးအမြတ်တွေကိုတော့ စွန့်လွှတ်ရမှာ ဖြစ် ပါတယ်။ အမေဇုံသူဌေးကြီး ဂျဖ်ဘီဇို့စ်ဟာ လက်ရှိအချိန်မှာ Fox ရုပ်သံစတားဟောင်းတဦးဖြစ်တဲ့ လော်ရန် ဆန်းချက်ဇ်နဲ့ တွဲခုတ်နေတယ်လို့လဲ သတင်းတွေမှာ ဖော်ပြပါတယ်။
2 years Ago

April 9, 2018

၂၀၃၀ တွင် ကမ္ဘာ့အချမ်းသာဆုံး ၁ ရာခိုင်နှုန်းက ကမ္ဘာ့ကြွယ်ဝမှု၏ ၃ ပုံ ၂ ပုံကျော် ပိုင်ဆိုင်မည်

ကမ္ဘာ့လူမှုအသိုင်းအဝိုင်းက ချမ်းသာကြွယ်ဝဆုံးသူ ၁ ရာခိုင်နှုန်းဟာ ၂၀၃၀ ခုနှစ်မှာ ကမ္ဘာကြီးတခုလုံးရဲ့ ကြွယ်ဝမှု ၃ ပုံ ၂ ပုံကျော်ကို ပိုင်ဆိုင်လိမ့်မယ်လို့ စစ်တမ်းတခုမှာ ဖော်ပြပါတယ်။ ဗြိတိန်နိုင်ငံ အောက်လွှတ်တော်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအသစ်က ခုလို တွေ့ရှိခဲ့တာဖြစ်တယ်လို့ မေရာသတင်းမှာ ဧပြီ ၈ ရက်နေ့က ဖော်ပြပါတယ်။ ၂၀၀၈ ခုနှစ် ငွေကြေးအကျပ်အတည်းကာလ စတင်ပြီးကတည်းက ဒီအကျပ်အတည်း ပုံစံအတိုင်း ဆက်သွားမယ်ဆိုရင် ၁ ရာခိုင်နှုန်းလောက်ရှိတဲ့ လူတွေက ၁၂ နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ကမ္ဘာကြီးရဲ့ ငွေ ၆၄ ရာခိုင်နှုန်းကို ထိန်းချုပ်သွားလိမ့်မယ်လို့ အခိုင်အမာ ပြောလိုက်တာပါ။ ၂၀၀၈ ခုနှစ်ကတည်းက ကမ္ဘာကြီးရဲ့ ၁ ရာခိုင်နှုန်းသော ထိပ်ပိုင်း ကြွယ်ဝချမ်းသာသူတွေရဲ့ ပိုင်ဆိုင်မှုက ကျန် ၉၉ ရာခိုင်နှုန်းသော လူတွေရဲ့ ပိုင်ဆိုင်မှုနှုန်းထက် ၂ ဆ တိုးတက်နေတာဖြစ်ပြီး တကယ်လို့သာ ဒီနှုန်းအတိုင်း ဆက်သွားနေမယ်ဆိုရင် ချမ်းသာကြွယ်ဝသူတွေက ဒီနေ့ ပေါင် ၉၉ ထရီလျံ ပိုင်ဆိုင်ရာကနေ ၂၀၃၀ ခုနှစ်မှာ ပေါင် ၂၁၆ ဒသမ ၅ ထရီလျံ ပိုင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။ ငွေကြေးစနစ်က ကြီးမားတဲ့ပမာဏရှိတဲ့ ကြွယ်ဝမှုတွေကို ဒီထက်ပိုများပြားလာအောင် လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောလိုက်တာပါ။ အသစ်ကောက်ယူလိုက်တဲ့ သဘောထား စစ်တမ်းတခုမှာတော့ အရမ်းချမ်းသာသူတွေရဲ့ ပိုပိုပြီးချမ်းသာလာတဲ့ လက္ခဏာက ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်နေတယ်ဆိုပြီး မဲပေးသူတွေက စိုးရိမ်နေကြပါတယ်။ စစ်တမ်းကို မဲပေးသူ ၃၄ ရာခိုင်နှုန်းက ချမ်းသာကြွယ်ဝသူ ရေပေါ်ဆီလူကုံထံတွေဟာ ၂၀၃၀ ခုနှစ်မှာ နိုင်ငံအစိုးရ ၂၈ ရာခိုင်နှုန်းထက် ပိုပြီး သြဇာအာဏာတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။ ဒီစစ်တမ်းကို စီးပွားရေးခေါင်းဆောင်တွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်တွေ၊ ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့တဖွဲ့က ကျောထောက်နောက်ခံပေးထားကာ အလုပ်သမားဝန်ကြီးဟောင်း လီရမ်ဘာနီက ဦးဆောင်ခဲ့တာပါ။ အရင်ဝန်ကြီးချုပ်ရဲ့ မူဝါဒဆိုင်ရာ အကြီးအကဲဟောင်း တဦးဖြစ်တဲ့ ဂျော့ခ်ျဖရီးမန်းက “ဒီနေ့ခေတ်မှာ ကမ္ဘာလုံးဆိုင်ရာ ချမ်းသာကြွယ်ဝမှုအပေါ်ကို အားလုံးက ထူးထူးခြားခြား အာရုံစိုက်လာကြတယ်။ နည်းပညာဆန်းသစ်တီထွင်မှုနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းက အရှိန်အဟုန်နဲ့ တောက်လောင်နေပြီး ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာနေပါတယ်။ ကျနော်တို့အနေနဲ့ ပိုပြီးကျယ်ပြန်တဲ့ အခွင့်အလမ်းတွေ၊ ကြွယ်ဝချမ်းသာမှုတွေနဲ့ ပရဟိတ လုပ်ငန်းတွေအပေါ် စဉ်းစားတဲ့ နည်းလမ်းသစ်တွေ၊ တွေးခေါ်ပုံတွေကို အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်နေပါပြီ” လို့ ပြောပါတယ်။
3 years Ago
Up