ကမ္ဘာ့မှတ်တမ်း ၂ ကြိမ်တင်နိုင်ခဲ့သည့် ခွေးမလေး

A d v e r t i s e m e n t With Us

March 23, 2016

ကမ္ဘာ့မှတ်တမ်း ၂ ကြိမ်တင်နိုင်ခဲ့သည့် ခွေးမလေး (ရုပ်သံ)

ပျူရင်ဟာ ဂျပန်နိုင်ငံမှ ခွေးမလေးတကောင်ဖြစ်ပြီး ခုချိန်မှာတော့ သူ့ရဲ့စွမ်းရည်တွေကြောင့် ကမ္ဘာ့မှတ်တမ်း ၂ ကြိမ် တင်နိုင်ခဲ့ပါပြီ။ သူဟာ ဘောလုံးပေါ်တက်ကာ ခရီးအကွာအဝေး ၁၀ မီတာထိရောက်အောင် အောက်ကို လိမ့်မကျဘဲ အချိန် ၁၁ ဒသမ ၉ စက္ကန့်ကြာအောင် စွမ်းရည်ပြသနိုင်ခဲ့လို့ ဂင်းနစ် ကမ္ဘာ့မှတ်တမ်း ၀င်ခဲ့တာပါ။ ဒါဟာ ဒုတိယအကြိမ် ကမ္ဘာ့မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး မတ်လ ၂၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ခွေးကလေးများနေ့မှာ ဒီဆုကို လက်ခံရရှိခဲ့တာပါ။ ပထမအကြိမ် ကမ္ဘာ့မှတ်တမ်း တင်နိုင်ခဲ့တာကတော့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာဖြစ်ပြီး ခုရရှိတဲ့ဆုနဲ့ မတူညီပါဘူး။ ပျူရင်ဟာ ပိုင်ရှင်ဖြစ်သူ မာကိုတို ကူမာဂိုင် ပစ်ပေးတဲ့ ဘောလုံး ၁၄ လုံးကို လက်သည်းတွေ အသုံးပြုပြီး ဂိုးကာကွယ်ပေးနိုင်ခဲ့လို့ ဂင်းနစ်မှတ်တမ်း တင်နိုင်ခဲ့တာပါ။ ဂင်းနစ် ကမ္ဘာ့မှတ်တမ်းအယ်ဒီတာချုပ် ခရေ့ဂ်ျဂလန်ဒေးက “ပျူရင်ဟာ အံ့သြလောက်စရာ အရည်အချင်းတွေနဲ့ မှတ်တမ်း ၂ ကြိမ်ဝင်ခဲ့ပြီး စူပါစတား ဖြစ်လာခဲ့ပြီ။ တကယ့်စွမ်းအားကြီးတဲ့ ဗုံးတလုံးလိုပဲ” လို့ ပြောပါတယ်။
5 years Ago
Up