ကမ္ဘာ့မှတ်တမ်းဝင်ရန်ကြိုးစားခဲ့သည့် ရေကူးဝတ်စုံများဖြင့် ဆိုချီနှင်းလျှောစီးပွဲ(ရုပ်သံ)

April 12, 2017

ကမ္ဘာ့မှတ်တမ်းဝင်ရန်ကြိုးစားခဲ့သည့် ရေကူးဝတ်စုံများဖြင့် ဆိုချီနှင်းလျှောစီးပွဲ(ရုပ်သံ)

အများနဲ့မတူ တမူထူးတဲ့ ရေကူးဘောင်းဘီတိုတွေနဲ့ ရေကူးဝတ်စုံတွေသာ ဝတ်ဆင်ထားတဲ့ နှင်းလျှောစီးသမားတွေဟာ ရုရှားနိုင်ငံ ဆိုချီမြို့ရဲ့ အများသူငါ အပန်းဖြေရာနေရာမှာ ကမ္ဘာ့မှတ်တမ်းဝင်နိုင်ဖို့ ဧပြီ ၁ ရက်နေ့က လာရောက်စုစည်းကြပြီး နှင်းလျှောစီးခဲ့ကြပါတယ်။ အရောင်စုံ ရေကူးဝတ်စုံတွေ၊ ရေကူးဘောင်းဘီတွေနဲ့ ရှေးခေတ်ဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ ပါဝင်ဆင်နွှဲသူဦးရေ ၁၂၀၀ ရှိတယ်လို့ ပွဲဖြစ်မြောက်ရေးစီစဉ်သူက ပြောပါတယ်။ သူတို့ထဲက အများစုဟာ နွေဦးရာသီမှာ နှင်းလျှောစီးရတာကို မက်မောသူတွေဖြစ်ပြီး ပွဲစီစဉ်သူက သူတို့ရဲ့စွမ်းဆောင်မှု ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်တာ အတည်ပြုနိုင်ဖို့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ဂရင်းနစ်မှတ်တမ်းအရ ပြီးခဲ့တဲ့နှစ်က ပါဝင်သူဦးရေ ၁၀၀၈ ဦးနဲ့ ဆိုချီမှာကျင်းပတဲ့ နှင်းလျှောစီး ကာနီဗယ်ပွဲဆိုတဲ့ခေါင်းစဉ်နဲ့ဖြစ်ပြီး ဒီနှစ်မှာ ပြီးခဲ့တဲ့နှစ်ရဲ့စံချိန်ကို ချိုးနိုင်မယ်လို့ ပွဲစီစဉ်သူက မျှော်လင့်နေတာပါ။ ဒါပေမယ့် ရုရှားနိုင်ငံ ရှီရီဂက်ရှ်မြို့မှာ ၂၀၁၃ ခုနှစ် ဧပြီ ၂၀ ရက်နေ့က နှင်းလျှောစီးသူ ၅၀၀ နဲ့ ကျင်းပခဲ့တဲ့ ပွဲကသာ “လူဦးရေအများဆုံး ရေကူးဝတ်စုံ ဝတ်ဆင် နှင်းလျှောစီးချီတက်ပွဲအဖြစ်” လက်ရှိတရားဝင်မှတ်တမ်း ဖြစ်တယ်လို့ ဂရင်းနစ်မှတ်တမ်းရဲ့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးက ဖော့စ်နယူးစ်သတင်းဌာနကို ပြောပါတယ်။ ဆိုချီမှာ နှင်းလျှောစီးသူတွေအနေနဲ့ နေရောင်ထဲမှာ အနည်းဆုံးတော့ ပျော်ရွှင်ကြမှာပါလို့ ရေးထားပါတယ်။
4 years Ago
Up