၂၀၀၆ ဂျာမနီ ကမ္ဘာ့ဖလားတုန်းက ငွေကြေး မသမာမှုအတွက် သံသယရှိသူတွေရဲ့ အိမ်တွေ၊ ရုံးခန်းတွေမှာ ဆွစ်ဇာလန် ရဲတွေက သက်သေအထောက်အထား ရှာဖွေနေပါတယ်။
၂၀၀၆ ကမ္ဘာ့ဖလား ကျင်းပရေး ကော်မတီဝင်တယောက်ဖြစ်တဲ့ ဖရန့်စ် ဘက်ကန်ဗွာနဲ့ တခြား ကော်မတီဝင်တွေကို ရာဇ၀တ်မှုအတွက် အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ ဆွစ်ဇာလန် ရှေ့နေချုပ်ရုံးက အတည်ပြုပါတယ်။
သူတို့ကို သံသယရှိနေတဲ့ ကိစ္စတွေထဲမှာ လာဘ်စားမှုနဲ့ ငွေကြေး တလွဲစီမံခန့်ခွဲမှု၊ ငွေကြေးခ၀ါချတဲ့ ကိစ္စတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
6 years Ago