ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ အင်ဖာတီနိုက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်း ၄၈ သင်း ပါဝင်တဲ့ အစီအစဉ်လုပ်ဆောင်ဖို့ စိတ်အားထက်သန်နေပါတယ်။
ဒီလအစောပိုင်းက ကမ္ဘာ့ဖလားပြိင်ပွဲမှာ ၁ အုပ်စုကို ၃ သင်းစီနဲ့ ၁၆ အုပ်စုခွဲပြီး ယှဉ်ပြိုင်ဖို့ ဖီဖာအုပ်ချုပ်မှုအဖွဲ့အတွင်းမှာ ဆွေးနွေးခဲ့ပါတယ်။
၁၆ အုပ်စုထဲမှာ အုပ်စုဗိုလ်ဖြစ်တဲ့ အသင်းတွေက နောက်တဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ သတ်မှတ်ထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ရှေ့လ ဇန်နဝါရီ ၉ ရက်နေ့မှာလုပ်မယ့် အစည်းအဝေးကျရင် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း လက်ရှိပုံစံဖြစ်တဲ့ ၃၂ သင်းပုံစံကိုတော့ လာမယ့် ၂၀၂၆ မတိုင်ခင်အထိ ဖျက်သိမ်းဖို့ အလားအလာ နည်းနေပါတယ်။
ဖီဖာဟာ နောက်ဆုံးအနေနဲ့ ၁၉၉၈မှာ ပြိုင်ပွဲဝင်အသင်း အရေအတွက်ကို ၂၄ သင်းကနေ ၃၂ သင်းအထိ တိုးမြှင့်ထားပါတယ်။
6 years Ago