ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာ ဂိုးပြတ်ရှုံး (ရုပ်သံဟိုက်လိုက်)

A d v e r t i s e m e n t With Us

November 12, 2015

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာ ဂိုးပြတ်ရှုံး (ရုပ်သံဟိုက်လိုက်)

၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နိုဝင်ဘာ ၁၂ ရက်နေ့က တောင်ကိုရီးယား လက်ရွေးစင်အသင်နဲ့ မြန်မာလက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားရာ တောင်ကိုရီးယားက အိမ်ကွင်းမှာ ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ တောင်ကိုရီးယားအတွက် ဂိုးတွေကို ပထမပိုင်း၁၈ မိနစ်မှာ Jae-Sung Lee၊ မိနစ် ၃၀ မှာ Ja-Cheol Koo၊ ၈၂ မိနစ်မှာ Hyun-Soo Jang နဲ့ ၈၆ မိနစ်မှာ Tae-Hee Nam တို့က အသီးသီး သွင်းယူသွားပါတယ်။ မြန်မာအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် အုပ်စု ဂျီမှာ ၆ ပွဲကစားထားပြီး တပွဲနိုင်၊ တပွဲသရေ လေးပွဲရှုံး၊ ရမှတ် ၄ မှတ်နဲ့ အုပ်စုတွင်း စတုတ္ထနေရာမှာ ရပ်တည်နေပြီး တောင်ကိုရီးယားကတော့ ၅ ပွဲကစား၊ ၅ ပွဲနိုင် ရမှတ် ၁၅ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
5 years Ago
Up