ကမ္ဘာ့ဖလားခြေစစ်ပွဲ အမေရိကန်က ဟွန်ဒူးရပ်စ်ကို ၆ ဂိုးပြတ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

March 26, 2017

ကမ္ဘာ့ဖလားခြေစစ်ပွဲ အမေရိကန်က ဟွန်ဒူးရပ်စ်ကို ၆ ဂိုးပြတ် အနိုင်ရ (ရုပ်သံဟိုက်လိုက်)

<div class="embed-videocontainer"> <iframe src="https://www.youtube.com/embed/Km1rWFPU9rk" frameborder="0" allowfullscreen></iframe> </div> မနေ့ မနက်က ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကွန်ကာကပ်ဇုန်မှာ အမေရိကန်က အိမ်ကွင်းမှာ ဟွန်ဒူးရပ်စ်ကို ၆ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ အမေရိကန်အသင်းဟာ ပထမ ၂ ပွဲမှာ ရှုံးထားပြီး တတိယ မြောက်ပွဲစဉ်မှာ အနိုင် ၃ မှတ် ရသွားတာပါ။ အမေရိကန်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၅ မိနစ်မှာ ဆီဘက်ရှန် လဲဂတ်က သွင်းယူပါတယ်။ အိမ်ရှင်အသင်းကပဲ ထိုးဖောက်ကန်သွင်းခွင့်တွေ ပိုရခဲ့ပြီး ဟွန်ဒူးရပ်စ်အသင်း ဂိုးရဖို့ ရုန်းကန် ကစားသွားခဲ့ရပါတယ်။ အမေရိကန်အတွက် အနိုင်ဂိုးတွေကို ဘရက်ဒလေ၊ ပူလစ်ဆစ်နဲ့ တိုက်စစ်မှူး ဒမ်ဆေးတို့က သွင်းယူပါတယ်။ ဒီပွဲမှာ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူး ဒမ်ဆေး ဟက်ထရစ် ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒီပွဲနိုင်လိုက်လို့ အမေရိကန်အသင်းဟာ ၃ မှတ် စရပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ အမေရိကန်ဟာ အမှတ်ပေးဇယားထိပ်က မက္ကဆီကိုရဲ့ နောက် ၄ မှတ်အကွာမှာ ရှိနေပါတယ်။ ဟွန်ဒူးရပ်စ်အသင်းကတော့ ၃ မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံး အဆင့် ၆ မှာ ရပ်တည်နေပါတယ်။
5 years Ago
Up