ကမ္ဘာ့ဖလားချန်ပီယံရှစ် စကိတ်စီးပြိုင်ပွဲ

October 18, 2016

ကမ္ဘာ့ဖလားချန်ပီယံရှစ် စကိတ်စီးပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ရန် Myanmar National Skating Championship ပြိုင်ပွဲ ကျင်းပ

နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားချန်ပီယံရှစ် စကိတ်စီးပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ လူရွေးပွဲအနေနဲ့ Myanmar National Skating Championship ပြိုင်ပွဲကို ကျင်းပလျက်ရှိပါတယ်။ ပထမနေ့မှာတော့ Racing ပြိုင်ပွဲများ၊ အသက် ၁၄ နှစ်အောက်နှင့် Junior Inline jam၊ Slalom ပြိုင်ပွဲများ ကျင်းပနေပြီးတော့ ဒုတိယနေ့မှာတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး စကိတ်သမားတွေ လာရောက်ယှဉ်ပြိုင်မယ့် စီနီယာတန်းပြိုင်ပွဲတွေ ကျင်းပမှာပဲ ဖြစ်ပါတယ်။ မြန်မာစကိတ်စီးအဖွဲ့အနေနဲ့ ၂၀၁၆ မေလမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ အာဆီယံအဆင့် ၄ ရရှိထားတဲ့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မှာ လုပ်မယ့် လာမယ့် ကမ္ဘာ့စကိတ်ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားတာပဲ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း၊ ထောက်ကြန့်မြို့နယ် ကိုကာကိုလာစက်ရုံဘေးမှာရှိတဲ့ Million Skate Land မှာ ကျင်းပနေတာဖြစ်ပြီးတော့ စကိတ်ဝါသနာရှင်ပေါင်းများစွာ ၀င်ရောက်ယှဉ်ပြိုင်နေ ကြပါတယ်။ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲကို စကိတ်စီးကစားသမား ၁၀ ဦး စေလွှတ်ယှဉ်ပြိုင်စေမှာ ဖြစ်ပြီးတော့ ယခုပြိုင်ပွဲကစတင်ပြီးတော့ လူရွေးချယ်သွားမှာ ဖြစ်တယ်လို့ မြန်မာစကိတ်စီး အားကစားအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်လတ်က ပြောပါတယ်။ မြန်မာစကိတ်စီးအဖွဲ့ဟာ ၂၀၁၅ သြဂုတ် ၈ ရက်နေ့က မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ပဲရက်အိတ်စထရင်းမ်ဂိမ်းပြိုင်ပွဲမှာ ၁၂ နှစ်အောက် ငွေတံဆိပ်နဲ့ စီနီယာတန်းက ကြေးတံဆိပ် ၃ ခု ရထားခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - ထက်လူ
5 years Ago
Up