ကမ္ဘာ့ဖရီးစတိုင် စလားလွန်း ချန်ပီယံရှစ်ပြိုင်ပွဲ

October 24, 2016

ကမ္ဘာ့ဖရီးစတိုင် စလားလွန်း ချန်ပီယံရှစ်ပြိုင်ပွဲယှဉ်ပြိုင်ရန် စကိတ်ကစားသမား ၁၀ ဦးကို ရွေးချယ်

ကမ္ဘာ့ဖရီးစတိုင် စလားလွန်း ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မြန်မာစကိတ်အဖွဲ့က ကစားသမား ၁၀ ဦးကို ရွေးချယ်လိုက်ပါပြီ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့ဖရီးစတိုင် စလားလွန်း ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားတဲ့ မြန်မာစကိတ်အဖွဲ့ဟာ သွားရောက်ယှဉ်ပြိုင်မယ့် လက်ရွေးစင် အဖြစ် ကစားသမား ၁၀ ဦးကို ရွေးချယ်ပြီး ဖြစ်ပါတယ်။ ကစားသမားတွေဟာ အရင်တုန်းက အောင်မြင်မှုတွေ ရထားတဲ့ သူတွေလည်း ပါဝင်လာသလို တက်သစ်စကစားသမားတွေလည်း ပါပါတယ်။ ပြိုင်ပွဲဟာ နိုဝင်ဘာလ၁၇ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီးတော့ ကစားသမားတွေကတော့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထွက်ခွာမှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကစားသမားတွေအနေနဲ့ ထောက်ကြန့် ကိုကာကိုလာစက်ရုံဘေးမှာရှိတဲ့ Million Land စကိတ်ကွင်းမှာ လေ့ကျင့်သွားမယ်လို့ သိရပါတယ်။ စကိတ်ပစ္စည်းအပိုင်းမှာ လိုအပ်ချက်တွေရှိနေပေမယ့် ရှိတဲ့ပစ္စည်းတွေနဲ့ အကောင်းဆုံး သွားရောက်ယှဉ်ပြိုင်သွားမယ်လို့ စကိတ်အသင်းအုပ်ချုပ်သူနဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ကိုလွင်လတ်က ပြောပါတယ်။ မြန်မာစကိတ်စီးအဖွဲ့ဟာ ၂၀၁၅ သြဂုတ် ၈ ရက်နေ့က မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ပဲရက်အိတ်စထရင်းမ်ဂိမ်းပြိုင်ပွဲမှာ ၁၂ နှစ်အောက် ငွေတံဆိပ်နဲ့ စီနီယာတန်းက ကြေးတံဆိပ် ၃ ခု ရထားခဲ့ပါတယ်။
6 years Ago
Up