ကမ္ဘာ့ပွဲတော်ကြီး (ဓာတ်ပုံ)

July 30, 2017

အ၀တ်ဗလာ ခန္ဓာကိုယ်ပေါ် ပန်းချီဆွဲပြသသည့် ကမ္ဘာ့ပွဲတော်ကြီး (ဓာတ်ပုံ)

အဝတ်ဗလာ ခန္ဓာကိုယ်ပေါ် ပန်းချီဆွဲပြသတဲ့ ကမ္ဘာ့ပွဲတော်ကြီးရဲ့ အခုနှစ်အတွက် အကြိမ် ၂၀ မြောက်ပွဲတော်ကို သြစတြီးလျားနိုင်ငံ ကလာဂန်ဖာ့တ်မြို့မှာ ဇူလိုင် ၂၈ ရက်မှ ၃၀ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ အရောင်တွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်း အတုတွေ၊ ဦးသျှောင်၊ ခေါင်းပေါင်း၊ မကိုဋ်တွေနဲ့ ပြင်ဆင်ချယ်မှုန်းပြီး “ကမ္ဘာ့အရောင်အသွေးအစုံဆုံး ပွဲတော်ကြီးအတွင်း” မှာ အမတန်လှပတဲ့ မော်ဒယ်တွေလည်း ရှိနေကြပါတယ်။ ခန္ဓာကိုယ်ပေါ် ပန်းချီဆွဲပြသတဲ့ ကမ္ဘာ့ပွဲတော်ကြီးမှာ ဆွဲထားတဲ့ ရုပ်ပုံတွေက ကြည့်ရှုသူပေါင်း ၃ သောင်းလောက်ကို စွဲဆောင်ထားပါတယ်။ ၃ ရက်ကြာကျင်းပတဲ့ ဒီပွဲတော်ကြီးမှာ ကမ္ဘာတဝှမ်းက ပန်းချီဆရာတွေ လာရောက် စုစည်းကြပြီး စုတ်တံ၊ ရေမြုပ်၊ ခရမ်းလွန်ရောင်ခြည် ခံစားမှုရသ အထူးပြုလုပ်ချက် ခံစားမှုရသ စတဲ့ ပန်းချီဆွဲနည်း အမျိုးမျိုးမှာ ပါဝင်ယဉ်ပြိုင်ခဲ့ကြတာပါ။ ပန်းချီစုတ်တံတွေကနေ ထူးခြားဆန်းပြားလှတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း အတုတွေ မိတ်ကပ်တွေသုံးပြီး အသေးစိတ်ခြယ်မှုန်းတဲ့ ပန်းချီတွေ ဆွဲခံရဖို့ စိတ်ရှည်လှတဲ့ မော်ဒယ်တွေကလည်း သူတို့အလှည့်ရောက်အောင် ၆ နာရီကြာ စောင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ “ခန္ဓာကိုယ်များနဲ့ စည်းချက်များ ပေါင်းစည်းခြင်း” အဓိက အကြောင်းအရာအဖြစ် ဒီနှစ်ကျင်းပတဲ့ ပွဲတော်ကြီးအတွင်းမှာ မော်ဒယ်တွေက ကက်ဝေါ့က်လျှောက်ပြီး ပြသခဲ့လို့ ကြည့်ရှုသူအပေါင်းက ဒီဖန်တီးမှုအနုပညာတွေကို လေးစားနှစ်သက်ခဲ့ကြတယ်လို့ သိရပါတယ်။
4 years Ago
Up