ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်

June 5, 2018

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပင်လယ်ကမ်းခြေတွင် အမှိုက်ကောက် (ဓာတ်ပုံ)

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ထဲက ပုန်းညက်ကျေးရွာမှာ အမှိုက်ကောက်တာနဲ့ ပလတ်စတစ် ညစ်ညမ်းမှု အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ WCS မြန်မာအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပုန်းညက်ရွာဟာ ကျိန္တလီမြို့နယ်ထဲမှာ အကောင်အထည်ဖော်နေတဲ့ ၂၈၀ စတုရန်းမိုင် အကျယ်ရှိ ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲရေးဧရိယာထဲက ကျေးရွာတရွာ ဖြစ်ပြီး အဲဒီလှုပ်ရှားမှုကို  ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေ၊ ဒေသခံရွာသားတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ ၁၀၀ ကျော် ပါဝင် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ Photo : WCS Myanmar
3 years Ago

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား ရန်ကုန်တက္ကသိုလ်တွင် ကျင်းပ

၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဇွန်လ ၅ ရက်နေ့ မနက်ကစပြီး ကျင်းပနေပါတယ်။ အခမ်းအနားကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ သယံဇာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အရပ်ဘက် အဖွဲ့အစည်းတွေနဲ့အတူ ဆုရတဲ့ ကျာင်းသား ကျောင်းသူတွေ တက်ရောက်နေကြပါတယ်။ ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပြီး ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ ‘ပလတ်စတစ် ညစ်ညမ်းမှုကို ဆန့်ကျင်တိုက်ဖျက်ပါ’လို့ အမည်ရပါတယ်။
3 years Ago

June 5, 2017

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနား သမ္မတနှင့် ဒုသမ္မတတို့ တက်ရောက်

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို နေပြည်တော်မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ ဇွန်လ ၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယ သမ္မတ ဟန်နီရီဗန်ထီး၊ NGO/INGO အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ၊ ရန်ကုန်နဲ့ မန္တလေးမြို့က မြို့တော်ဝန်တွေ၊ ဌာနဆိုင်ရာတွေက ပြည်ထောင်စုဝန်ကြီးနဲ့ အခြား ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်ရေးနေ့ ဆောင်ပုဒ်ကတော့ “တို့ကမ္ဘာမြေတခွင် သာယာစေဖို့ သဘာဝကို ထိန်းသိမ်းစို့” ပဲ ဖြစ်ပါတယ်။ အဲဒီလို အထိမ်းအမှတ် အခမ်းအနားကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူတာတွေ၊ ဟောပြောပွဲတွေ၊ ဆောင်းပါးနဲ့ စာစီစာကုံး ပြိုင်ပွဲတွေ ကျင်းပပြီး သစ်ပင်စိုက်ပွဲတွေနဲ့ အမှိုက်ကောက်တာတွေလည်း လုပ်ဆောင်ကြတယ်လို့ သိရပါတယ်။
4 years Ago

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပြင်ဦးလွင်တွင် လူထုလှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံ)

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အနေနဲ့ ပြင်ဦးလွင်မြို့မှာ လူမှုရေး အဖွဲ့အစည်းတွေ စုပေါင်းပြီး လူအင်အား ၁၀၀ ကျော်နဲ့ မြို့ပတ်ပြီး သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးတတ်ဖို့နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းတတ်ဖို့ လူထုလှုပ်ရှားမှု တခုကို ဇွန် ၅ ရက် မနက်က ပြုလုပ်သွားပါတယ်။ ဓာတ်ပုံ - အိမ်ခိုင်မြဲ
4 years Ago
Up