တရုတ်နိုင်ငံ ဟန်ဂျိုး လက်ဖက်ပြပွဲကြီး ဖွင့်ပွဲကျင်းပခဲတဲ့ မတ်လ ၃၁ ရက်နေ့မှာ တစ်ဘီးပါစက်ဘီး စီးသမားက ၃၁ မီတာရှည်တဲ့ မတ်မတ်ထောင်ပုလင်းအတန်းကြီးပေါ်မှာ စက်ဘီးစီးပြီး လာရောက်တဲ့ ဧည့်သည်တွေကို တအံ့တသြဖြစ်သွားစေခဲ့တယ်လို့ စီဂျီတီအန်သတင်းမှာ ဖော်ပြထားပါတယ်။
စက်ဘီးစီးသူ ချန်ဂျန်ကင်းက ၂၀၁၄ ခုနှစ်က သူ့ရဲ့ ၃၀.၁၇ မီတာအရှည် ထောင်ထားတဲ့ ပုလင်းတွေအပေါ် စက်ဘီးစီးမှု ကမ္ဘာ့မှတ်တမ်းကို ပိုမိုတိုးပြီး ကမ္ဘာ့စံချိန်အသစ် ချိုးခဲ့တာပါ။
ချန်က သူရဲ့တစ်ဘီးပါစက်ဘီးစီးရင်း ကြိုးခုန်တဲ့ သရုပ်ပြမှုကိုလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။
တရုတ်နိုင်ငံ အရှေ့ဘက်ရှိ ဆိပ်ကမ်းမြို့တစ်ခုဖြစ်တဲ့ ဟန်ဂျိုးမြို့က လက်ဖက်ထုတ်လုပ်မှုမှာ နာမည်ကျော်ကြားပြီး ဒီမြို့ရဲ့ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ လက်ဖက်ပြပွဲကြီးဟာ မေလအထိ ပြသမယ်လို့ သိရပါတယ်။
4 years Ago