ကမ္ဘာ့ချန်ပီယံရှစ်

March 4, 2017

ကမ္ဘာ့ချန်ပီယံရှစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့်တူးတူးတို့ နိုင်ပွဲရ

ကမ္ဘာ့ချန်ပီံယံရှစ် ရိုးရာလက်ဝှေ့ပြိုင်ပွဲကို မတ်လ ၃ ရက်က မင်္ဂလာဒုံမြို့တော် ဂေါက်ကွင်းမှာကျင်းပခဲ့ပြီး ထွန်းထွန်းမင်းနဲ့ တူးတူးတို့ နိုင်ပွဲကိုယ်စီရခဲ့ပါတယ်။ မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲအဖြစ် မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းက အင်္ဂလန်နိုင်ငံသား နီကိုလပ်ကာတာကို ပထမအချီမှာပဲ အမှတ်စဉ် ၃ ကြိမ် ရေတွက်ခံရအောင်ထိုးသတ်ခဲ့ပြီး အလဲထိုးနဲ့ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ပွဲစဉ်မှာ ပရိသတ်တွေအတွက် အနိုင်ယူလိုစိတ်ပြင်းထန်ခဲ့တာကြောင့် အချိန်ဆွဲမနေဘဲ ပထမအချီမှာပဲ အလဲထိုးခဲ့တာလို့ ထွန်းထွန်းမင်းက ပွဲအပြီးမှာပြောပါတယ်။ အကြီးတန်းလက်ဝှေ့ကျော် တူးတူးကတော့ သြစတြးလျနိုင်ငံသား အက်ဒီဖာရန်လ်နဲ့ မစ်ဒယ်ဝိတ်တန်းချန်ပီယံလုပွဲအဖြစ် ထိုး သတ်ခဲ့တာပါ။ ၅ ချီစလုံးမှာ တူးတူးက အသာစီးနဲ့ထိုးသတ်နိုင်ခဲ့ပြီး အလဲထိုးနိုင်ခြင်မရှိခဲ့ပေမယ့် ဒိုင် ၃ ဦးစလုံးရဲ့ အမှတ်ပေးမှုအရ အနိုင်ရခဲ့တာဖြစ်ပါတယ်။ တူးတူးအနေနဲ့ ဒီပွဲကို အလဲထိုးနဲ့အနိုင်ရဖို့ ပြင် ဆင်ထားပေမယ့် ပြိုင်ဘက်ကစားသမားရဲ့ ထိုးသတ်ပုံကောင်းမွန်တာကြောင့် အလဲမထိုးနိုင်ခဲ့ရတာဖြစ်ပြီး အဲဒီအတွက် ပရိသတ်တွေကို တောင်းပန်တယ်လို့ ပွဲအပြီးမှာပြောပါတယ်။ တခြားနိုင်ငံတကာပွဲစဉ် ၂ ပွဲမှာ ဖိုးသော်က မလေး ရှားနိုင်ငံသားဂျန်ကိုင်ချီကို ပထမအချီမှာပဲ အလဲထိုးနဲ့အနိုင်ယူခဲ့ပြီး ကျားပေါက်ကလည်း ကမ္ဘောဒီးယားနိုင်ငံသား ပတ်ချန်ဆင်ကို ပထမအချီ မှပဲ အလဲထိုးနဲ့အနိုင်ယူခဲ့ပါတယ်။ တခြားပြည်တွင်းကစားသမားတွေရဲ့ ၀ိတ်တန်းအလိုက်ချန်ပီယံလုပွဲ တွေမှာ စောမင်းနိုင်က ရဲသွေး၊ သက်ပိုင်အောင်က ရွှေဖားစည်၊ ထွန်းထွန်းနိုင်က ပိုက်ထွေး၊ ရန်နိုင်ထွန်းက ဇွဲရွှေကိုတို့ကို အနိုင်ရရှိခဲ့ပါတယ်။ လွှမ်းမိုးအောင်
5 years Ago
Up