ကမ္ဘာကျော် နိုင်အာဂရာ

January 7, 2018

ကမ္ဘာကျော် နိုင်အာဂရာ ရေတံခွန် အအေးဒဏ်ကြောင့် အေးခဲနေ (ရုပ်သံ)

ကမ္ဘာကျော် နိုင်အာဂရာ ရေတံခွန်ဟာ အာတိတ်ဒေသ အအေးဒဏ်ကြောင့် တစိတ်တဒေသ အေးခဲနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ကစပြီး လေအေးစိုင်ဟာ ကနေဒါမြောက်ပိုင်းနဲ့ အမေရိကန် တောင်ပိုင်းကို ၀င်ရောက်ခဲ့တာကြောင့် နှစ်နိုင်ငံကြားတည်ရှိတဲ့ နိုင်အာဂရာဒေသဟာ ဒီနှစ် ဆောင်းမှာ အအေးဒဏ်ကို ပြင်းပြင်းထန်ထန် ခံရပြီး ရေတံခွန်ဟာလည်း အပူချိန် အလွန်အမင်း ကျဆင်းတဲ့အတွက် တစ်စိတ်တဒေသ အေးခဲနေပါတယ်။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၅ ရက်နေ့က အပူချိန် အနုတ် ၂၃ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းခဲ့ပါတယ်။ နိုင်အာဂရာ ရေတံခွန်ဟာ အနံ ၉၅၀ မီတာ ရှိပြီး ဟော့ရှူး ရေတံခွန်၊ ဘရိုက်ဒယ်-ဗေးလ် ရေတံခွန်နဲ့ အမေရိကန် ရေတံခွန် ဆိုတဲ့ ရေတံခွန် ၃ ခု ပါဝင်ပါတယ်။ မှတ်တမ်းတွေအရ ၁၈၄၈ ခုနှစ်မှာ နိုင်အာဂရာရေတံခွန် လုံးဝ ရေခဲသွားခဲ့ပြီး ၁၉၃၆ ခုနှစ်မှာတော့ ဘရိုက်ဒယ်ဗေးလ် ရေတံခွန်နဲ့ အမေရိကန် ရေတံခွန် နှစ်ခု ရေခဲသွားခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up