ကမ္ဘာအရှည်ဆုံး လေယာဉ် ဒုတိယအကြိမ် ပျံသန်းစဉ် ဦးခေါင်းပိုင်းထိုးကျ (ရုပ်သံ)

A d v e r t i s e m e n t With Us

August 25, 2016

ကမ္ဘာအရှည်ဆုံး လေယာဉ် ဒုတိယအကြိမ် ပျံသန်းစဉ် ဦးခေါင်းပိုင်းထိုးကျ (ရုပ်သံ)

အဲလ်လန်ဒါ ၁၀ ဆိုတဲ့ ကမ္ဘာ့အရှည်ဆုံး လေယာဉ်ဟာ သြဂုတ် ၂၄ ရက်နေ့က ဒုတိယအကြိမ် ပျံသန်း မောင်းနှင်နေစဉ်မှာ ဦးခေါင်းထိုးကျပြီး ထိခိုက်ပျက်စီးသွားပါတယ်။ ၃၀၂ ပေရှည်တဲ့ လေယာဉ်ဟာ ဗြိတိန်ဘတ်ဖိုရှိုင်းယားက ကာဒင်တန် လေယာဉ်ကွင်းမှာ ဆင်းသက်တဲ့အချိန် ပျက်စီးသွားတာ ဖြစ်ပါတယ်။ လေယာဉ်ဦးပိုင်းက မြေပြင်ကို သွားရောက်ထိမိလို့ ပေါင် ၂၅ သန်းတန် လေယာဉ် ထိခိုက်သွားပေမယ့် လေယာဉ်မှူးတွေကတော့ လုံခြုံတယ်လို့ ဆိုပါတယ်။ ပျံသန်းရာမှာ အဆင်ပြေပြီး ဆင်းတဲ့အချိန် ပြဿနာရှိတယ်လို့ လေယာဉ်နဲ့ပတ်သက်ပြီး ပြောခွင့်ရသူ တဦးက ပြောပါတယ်။ နောက်ပိုင်းမှာ ပြန်လည်ပြင်ဆင်မွမ်းမံတာတွေ လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
5 years Ago
Up