ကမ္ဘာကနေ သွားရောက်လည်ပတ်နိုင်မယ့် အကွာအဝေးမှာ လူတွေ အသက်ရှင် နေထိုင်နိုင်မယ့် ဂြိုဟ်တလုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အသစ်တွေ့ရှိတဲ့ ဂြိုဟ်ဟာ ကမ္ဘာနဲ့ အလင်းနှစ် ၄ သန်းဝေးကွာသလို အရွယ်အစား ပိုကြီးတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။
ဆိုလာစနစ်နဲ့ အနီးဆုံးဖြစ်တဲ့ Proxima Centauri ကြယ်ကို ပတ်နေတယ်လို့လည်း ဆိုပါတယ်။
ဂြိုဟ်ဟာ ပရိုဇီမာ ဘီလို့ အသိများပြီး နောင်အနာဂတ် အာကာသ လေ့လာရေးသမားတွေ စက်ရုပ်တွေနဲ့အတူ သွားရောက်နိုင်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေပါတယ်။
နောက်ဆုံးမှာတော့ ကမ္ဘာပေါ်ကလူတွေ အနီးဆုံး သွားရောက်နိုင်မယ့် ဂြိုဟ်တခု ဖြစ်လာမယ်လို့ ဆိုပါတယ်။ လူတွေနေထိုင်လို့ရမရကိုတော့ အခုထိ မသိရသေးသလို ဒီအတွက် သုတေသနတွေ ထပ်လုပ်ဖို့ လိုတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
5 years Ago