ကဘူးလ်လေဆိပ်

July 23, 2018

ကဘူးလ်လေဆိပ်တွင် ဗုံးပေါက်ကွဲ၊ အနည်းဆုံး ၁၆ ဦး သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ် နိုင်ငံတကာလေဆိပ်အနီးမှာ ဇူလိုင် ၂၂ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၆ ဦး သေဆုံးပြီး ၆ဝ လောက် ဒဏ်ရာရသွားပါတယ်။ အဲဒီပေါက်ကွဲမှုဟာ တချိန်က ပြည်ပြေး ဒုသမ္မတ အဗ္ဗဒူလ်ရာရှစ်ဒိုစတမ် နိုင်ငံကို ပြန်ရောက်ပြီးနောက် ညနေ  ၅ နာရီဝန်းကျင်လောက်မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီ ပြည်တော်ပြန်လာတဲ့ ဒိုစတမ်ကို လူအများအပြား သွားရောက်ကြိုဆိုခဲ့တယ်လို့ အာဖဂန်တိုလို သတင်းဌာနက ဆိုပါတယ်။ ဒါ့အပြင် သေဆုံးသူအများစုဟာ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ကြတယ်လို့ အာဖဂန် ပြည်ထဲရေးဌာနက အတည်ပြုပြောကြားပါတယ်။ အဲဒီတိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့က သူတို့လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း စီဘီအက်စ်သတင်းမှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - AFP
3 years Ago
Up