ကဗျာဆရာ ကေဇဝင်း

May 24, 2021

စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲနှင့် ကျဆုံးကဗျာဆရာ ​ကေဇဝင်းအတွက် ဆုတောင်းပွဲပြုလုပ်

စစ်အာဏာရှင်​တော်လှန်​ရေး ၇၅ ရက်​မြောက်​နေ့အဖြစ် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့က ​ကျေးလက်​နေပြည်သူ​တွေ စု​ပေါင်းသပိတ်ကို ​မေလ ၂၄ ရက်​​နေ့က ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ စစ်အာဏာရှင်ဆန့်ကျင်​ရေးနဲ့ စစ်ကျွန်ပညာ​​ရေး အလိုမရှိ​ကြောင်း စတဲ့​ကြွေး​ကြော်သံ​​တွေနဲ့အတူ ဒီမိုက​ရေစီ ​တောင်းဆိုရင်း အကြမ်းဖက်စစ်​ကောင်စီရဲ့လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ကဗျာဆရာ ​ကေဇဝင်းရဲ့ ၃၉ နှစ်​မြောက် အမှတ်တရ​မွေး​နေ့ဆု​တောင်းပွဲကိုပါ ပြုလုပ်ခဲ့ကြတာပါ။

ကဗျာဆရာ ​ကေဇဝင်းဟာ မတ်လ ၃ ရက်​နေ့က မုံရွာမြို့ဆန္ဒပြပွဲမှာ အကြမ်းဖက်စစ်​ကောင်စီရဲ့ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့တာဖြစ်ပါတယ်။

​ဆန္ဒပြပွဲကို လမ်း​လျှောက်သပိတ်နဲ့  ထိုင်သပိတ်တို့အပြင် ကဗျာဆရာ ​ကေဇဝင်းရဲ့ အမှတ်တရ ကဗျာ​တွေကိုလည်း ရွတ်ဖတ်ဂုဏ်ပြုခဲ့ကြပါတယ်။

6 months Ago
Up