ကဗျာဆရာကိုဇော်ထွန်း(ခ)ကိုခက်သီ

May 9, 2021

ဖမ်းဆီးခံရသည့် ပုလဲလူထုသပိတ် ဦးဆောင်သူ ကဗျာဆရာ စစ်ကြောရေးတွင် သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့သပိတ် ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကဗျာဆရာ ကိုဇော်ထွန်း(ခ)ကိုခက်သီဟာ မေလ ၈ ရက်နေ့ညက ဖမ်းဆီးခံရပြီး ဒီကနေ့ မေလ ၉ ရက် နေ့လယ်ပိုင်းမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

“မနေ့ည ၉ နာရီလောက်က ရွှေဘိုမှာ ဖမ်းဆီးခံရပြီး စစ်ကြောရေးစစ်ဆေးပြီး သေဆုံးသွားခဲ့တယ်။ အလောင်းကပြန်သယ်လာပြီ။ ဒဏ်ရာတွေရတယ်။ ခုနေ့လယ်ပိုင်းမှာ သေဆုံးသွားတယ်လို့ အကြောင်းကြားလာတယ်” လို့ ကိုဇော်ထွန်း(ခ)ကိုခက်သီရဲ့ သူငယ်ချင်းက ပြောပါတယ်။

7 months Ago
Up