ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းကြုံနေရတဲ့ ဂျပန်မှာ နှစ်သစ်ကူးနေ့က တိုကျိုမြို့လယ်ရှိ မေဂျီဘုရားကျောင်းမှာ ထောင်ချီတဲ့ ပြည်သူတွေ သွားရောက် ဝတ်ပြုပြီး ကပ်ရောဂါကြီးပြီးဆုံးဖို့ ဆုတောင်းခဲ့ကြပါတယ်။
ဂျပန်ပြက္ခဒိန်မှာ နှစ်သစ်ကူးနေ့ဟာ အရေးပါဆုံး အားလပ်ရက်ဖြစ်ပေမဲ့ နိုင်ငံတဝန်း ဗိုင်းရပ်စ် ကူးစက်မှု အသစ်တွေ စံချိန်တင် မြင့်ခဲ့ပြီးနောက် နှစ်သစ်ကူးပွဲတော်တွေကို လျှော့ချခဲ့တာပါ။
ဂျပန်နှစ်သစ်ကူးပွဲတော်မှာဆိုရင် မိသားစုနဲ့အတူနေတာနဲ့ ဘုရားကျောင်းတွေမှာ ဝတ်ပြုတာ ပါဝင်ပါတယ်။ ဘုရားကျောင်းတွေမှာ လူတွေက လာမယ့်နှစ်မှာ ကံကောင်းဖို့ ဆုတောင်းကြပါတယ်။
ဒါပေမဲ့ ဒီနှစ်တော့ မေဂျီဘုရားကျောင်းမှာ ဝတ်ပြုသူတွေဟာ နှာခေါင်းစည်းတပ်၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာ တန်းစီပြီး တိတ်ဆိတ်ငြိမ်သက်စွာ ဝတ်ပြုဆုတောင်းခဲ့ ပါတယ်။
ဂျပန်ဘုရင် နာရူဟီတိုရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာလည်း အတူတကွ အလုပ်လုပ်ပြီး ကပ်ရောဂါ ကာလကို ကျော်ဖြတ်ဖို့ ပြည်သူတွေကို မေတ္တာရပ်ခံခဲ့တယ်ဆိုပြီး ရိုက်တာက ဖော်ပြပါတယ်။
2 months Ago