ကပ်ဘေးနှင့်စီးပွားရေ

June 26, 2020

အာဆီယံထိပ်သီးအစည်းအဝေးတွင် ကပ်ဘေးနှင့်စီးပွားရေး ပြန်လည်နာလန်ထူရေး ဆွေးနွေး

အာဆီယံရဲ့ ၃၆ ကြိမ်မြောက်ထိပ်သီးအစည်းအဝေးမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးနဲ့ စီးပွားရေးပြန်လည်နာလန်ထူရေးကို ဆွေးနွေးခဲ့ပါတယ်။  ဟနွိုင်းမြို့တော်မှာ ဇွန် ၂၆ ရက် ဗွီဒီယိုကွန်ဖရင့်စ်နဲ့ ပြုလုပ်တဲ့ အစည်းအဝေးအစမှာ အဖွင့်မိန့်ခွန်းကို ဗီယက်နမ်သမ္မတ ငုယင်ရွှမ်ဖက်က ပြောပါတယ်။  အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ အကြီးအကဲတွေဟာ အာဆီယံနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးမှု နဲ့ လူမှုမတည်ငြိမ်မှုတွေကို တည်ငြိမ်အောင် ဘယ်လို လုပ်မလဲဆိုတာကို  ဆွေးနွေးခဲ့ကြပါတယ်။  ဗီယက်နမ်နိုင်ငံဟာ ၁၉၉၅ မှာ အာဆီယံအဖွဲ့ဝင်ဖြစ်ခဲ့ပါတယ်။  ဒီနှစ် အာဆီယံထိပ်သီး ဆွေးနွေးပွဲကို  ဗီယက်နမ်က တတိယအကြိမ် ကျင်းပတာဖြစ်ပြီး ၁၉၉၈ နဲ့ ၂၀၁၀ ခုနှစ်တုန်းကလည်း ဗီယက်နမ်ဟာ ထိပ်သီးအစည်းဝေးကို လက်ခံကျင်းပခဲ့ တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 
11 months Ago
Up