ကမ္ဘာ့ကပ်ရောဂါတခုဖြစ်လာနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် လူစုလူဝေးနဲ့ ကျင်းပရတဲ့ ပွဲလမ်းသဘင် အခမ်းအနားတွေနဲ့ လူစုရုံးမှုတွေ မလုပ်ကြဖို့ ထုတ်ပြန်မှုတွေ လုပ်ဆောင်နေကြရပါတယ်။ အဲဒီလို ပိတ်ပင်တားမြစ်ပြီး ရက်ရွှေ့ဆိုင်းလိုက်ရတဲ့ထဲမှာ နာမည်ကြီး နယ်လှည့် ဂီတဖျော်ဖြေပွဲတွေလည်း ပါဝင်နေတာပါ။ လတ်တလောမှာတော့ နာမည်ကြီး ဂီတအနုပညာရှင်တွေဖြစ်ကြတဲ့ John Legend ၊ Keith Urban ၊ Pink ၊ Rob Thomas နဲ့ Coldplay အဖွဲ့မှ Chris Martin တို့က အိမ်တွင်း ဖျော်ဖြေမှုပုံစံမျိုးနဲ့ ပရိသတ်တွေကို အွန်လိုင်းပေါ်ကနေ ဖျော်ဖြေခဲ့ကြတာကို တွေ့ရပါတယ်။ အဆိုတော် Chris Martin နဲ့ Keith Urban တို့ကတော့ ပရိသတ်တွေကို အွန်လိုင်း ပေါ်မှတဆင့် အချိန်မိနစ် ၃၀ စာ ဖျော်ဖြေမှုတွေ လုပ်ကြတာပါ။ နာမည်ကြီး အမျိုးသမီး အဆိုတော် Pink ကတော့ သူ့ရဲ့ အင်စတာဂရမ်လူမှုကွန် ရက်စာမျက်နှာပေါ်မှတဆင့် ပီယာနိုတီးခတ်မှုနဲ့ ပရိသတ်တွေဆီ ချိတ်ဆက်မျှဝေမှုလုပ် ထားခဲ့ပါတယ်။ Coldplay ရဲ့ ဖျော်ဖြေမှုမှာတော့ Chris က #TogetherAtHome လို့ Hash တွဲပြီး ရင်းရင်းနှီးနှီး စကားတွေပြောဆို ဖျော်ဖြေပြခဲ့သလို Rob Thomas ကတော့ “ခုလို မသေ ချာ မရေရာတဲ့အချိန်တွေမှာ ကမ္ဘာကြီးတခုလုံး ပိတ်ချပစ်လိုက်ရပါပြီ။ ဒီအစိတ်အပိုင်း တွေထဲက တခုကတော့ လူတွေလည်း အပြင်ထွက်လို့ မရကြတော့ဘူး။ ပွဲလမ်းသဘင် တွေ၊ ဂီတရှိုးပွဲတွေမှာလည်း မပျော်နိုင်ကြတော့ဘူး။ ကျနော်ကတော့ ဒါကို မလိုလားပါ ဘူး၊ ညီအစ်ကိုမောင်နှမတွေအားလုံးကို ကျနော့်ရဲ့ အင်စတာဂရမ် ဂီတကမ္ဘာပေါ်ကနေ ဖိတ်ခေါ်လိုက်ပါတယ်။ အိမ်တွင်းမှာ ရှိနေကြတဲ့ ပရိသတ်တွေကို နည်းနည်းလောက်ဖြစ် ဖြစ် မျှဝေပေးသွားမှာပါ”လို့ ရေးသားထားခဲ့ပြီး ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဟာ ဆိုးဝါးလာနေခဲ့ပြီး ကိုယ် နေထိုင်တဲ့ အရပ်ဒေသအလျောက် ခရီးသွားလာခွင့် ကန့်သတ်ထိန်းချုပ်တာတွေ၊ ဘား တွေ၊ ကလပ်တွေနဲ့ စားသောက်ဆိုင်တွေအပါအဝင် ရုပ်ရှင်ရုံတွေ၊ အများပြည်သူနဲ့ ဆိုင် တဲ့ စုဝေးသွားလာမှုတွေကို ကန့်သတ်ထားကြရပြီ ဖြစ်ပါတယ်။ အွန်လိုင်းပလက်ဖောင်းဖျော်ဖြေရေး ဝက်ဘ်ဆိုက်ဒ်တခုဖြစ်တဲ့ Netflix ကလည်း သူတို့ရဲ့ ဝန်ဆောင်မှုကို ပြောင်းလဲဖို့ Crome ပေါ်မှာ Netflix Party ဆိုတဲ့ Extension တ ခုကို ထည့်သွင်းလိုက်တာမို့ သီးခြားစီ အိမ်ထဲမှာနေနေကြရသူ ပရိသတ်တွေအဖို့ သူငယ် ချင်းမိတ်ဆွေတွေနဲ့အတူ ခံစားကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။