ကပ်ကြေး

October 4, 2017

ရန်ဖြစ်ပြီး ဦးခေါင်းတွင် ကပ်ကြေးစိုက်ဝင်ခဲ့သည့်ကျောင်းသား ကံကောင်းစွာ အသက်ရှင်

ပီရူးနိုင်ငံ စာသင်ကျောင်းတကျောင်းမှ စာသင်ခန်းထဲမှာ အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ကျောင်းသားတဦးရဲ့ ဦးခေါင်းမှာ ထိတ်လန့်စရာ ကပ်ကြေးတလက် စိုက်ဝင်သွားခဲ့လို့ ဆေးရုံကို အလျင်အမြန် ပို့ဆောင်ခဲ့ကြရပါတယ်။ အတန်းတွင်းက တခြားကျောင်းသားတွေရဲ့ အဆိုအရ အသက် ၁၄ နှစ်အရွယ် အဲဒီကျောင်းသားဟာ ကျောင်းသူမိန်းကလေးတဦးရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အတန်းတွင်း တာဝန်ကျဆရာမကတော့ သူတို့ ၂ ဦးစလုံးရဲ့အမည်ကို ထုတ်ဖော်မပြောဘဲ သူတို့ ၂ ဦးဟာ ဂိမ်းကစားနေရင်း ကပ်ကြေးနဲ့ မတော်တဆ ထိခိုက်မိခဲ့တာလို့ ဆိုပါတယ်။ အဲဒီကျောင်းသားဟာ ဦးခေါင်းတွင်း ကပ်ကြေးစိုက်ဝင်လျက်သား ထိတ်လန့်ဖွယ် အခြေအနေနဲ့ ဆေးရုံကို ရောက်ရှိလာခဲ့ပါတယ်။ ဆရာဝန်တွေကတော့ ကပ်ကြေးအသွားဟာ ဦးခေါင်းမှာ စိုက်ဝင်နေခဲ့ပေမယ့် ကံကောင်းထောက်မစွာပဲ ဦးနှောက်အတွင်းထိ ထိုးဖောက်သွားခဲ့တာမဟုတ်လို့ ဖယ်ရှားပေးနိုင်ခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ အတန်းတွင်း တာဝန်ကျဆရာမကို တာဝန်မှ ဆိုင်းငံ့ထားခဲ့ပြီး အခင်းဖြစ်ရတဲ့ အကြောင်းရင်းကို ကျောင်းအုပ်ကြီးက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
4 years Ago
Up