ကပ်သီးကပ်သပ် နေရာအနှံ့ မှေးစက်နိုင်ကြသည့် ချစ်စရာကြောင်ကလေးများ

September 15, 2017

ကပ်သီးကပ်သပ် နေရာအနှံ့ မှေးစက်နိုင်ကြသည့် ချစ်စရာကြောင်ကလေးများ (ဓာတ်ပုံ)

အိမ်မွေးတိရစ္ဆာန် ကြောင်ကလေးတွေကို မွေးမြူထားကြတဲ့ ဝါသနာရှင်တွေဟာ ဈေးနှုန်းကြီးမြင့်လှတဲ့ အိပ်ရာခမ်းနားတွေအတွက် ငွေကုန်ကြေးကျများပြီး စိတ်ပင်ပန်းကြရမှာ မလွဲပါဘူး။ ဒီဓာတ်ပုံတွေထဲက ချစ်စဖွယ် မှေးစက်နေကြတဲ့ ကြောင်ကလေးတွေကို တွေ့နိုင်မယ်ဆိုရင်တော့ အဲဒီပူပန်သောကတွေအတွက် စိတ်အေးရတော့မှာပါ။ ဘာလို့လဲဆိုတော့ ကြောင်ကလေးတွေဟာ ထင်မှတ်မထားတဲ့ ကပ်သီးကပ်သပ် အိမ်တွင်း နေရာအနှံ့ ဘယ်လိုပုံစံနဲ့မဆို မှေးစက်နိုင်ကြလို့ပါပဲ။ ထူးခြားဆန်းပြားတဲ့ နေရာတွေဟာ ငွေကုန်ကြေးကျများစရာ လုံးဝမလိုဘဲ ကြောင်ကလေးတွေအနေနဲ့ သက်တောင့်သက်သာ ရှိနေခဲ့ကြတာကို တွေ့ရမှာပါ။ သေးငယ်တဲ့ ကြောင်ကလေးတကောင်ဟာဆိုရင် သခင့်ရဲ့ အင်္ကျီအိပ်ကပ်ထဲမှာ ချစ်စဖွယ် အိပ်ပျော်နေခဲ့တာကို တွေ့ရပြီး တခြားစဉ်းစားမိမှာ မဟုတ်တဲ့ နေရာတွေဖြစ်တဲ့ ကပ်ထူအမှိုက်ပုံး၊ လည်ရှည်ဖိနပ်၊ ဖိနပ်စင်၊ မီးဖိုချောင်သုံး ပန်းကန်ခွက်ယောက်တွေပါမကျန် နေရာတွေအနှံ့ ခွေခေါက်လဲလျောင်းနိုင်ကြတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီချစ်စရာကြောင်ကလေးတွေရဲ့ ဓာတ်ပုံတွေဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံ - Splitpics.uk  
4 years Ago
Up