ကန်သာယာသပိတ်

March 10, 2021

မြောက်ဥက္ကလာ ကန်သာယာသပိတ်ကို အကြမ်းဖက်ဖြိုခွင်း၊ ၂၀၀ ကျော်အဖမ်းခံရပြီး အများအပြား ပိတ်မိ

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်က ကန်သာယာသပိတ်ကို မတ်လ ၁၀ ရက် မနက် ၁၁ နာရီကျော်လောက်မှာ  စစ်သားနဲ့ရဲတွေက အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် အယောက် ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အများပြားပိတ်မိနေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

"ဖြိုခွင်းတာက ခါတိုင်းရက်နဲ့မတူဘူး၊ ကျည်အစစ်တွေပါသုံးပြီး အင်အား တော်တော်များများနဲ့ တစ်ပြိုင်နက်ပိတ်ပြီး လုပ်လိုက်လို့ အဖမ်းခံလိုက်ရတဲ့သူတွေများတယ်၊ ဝင်ပုန်းလည်း လမ်းတွေ အိမ်တွေထဲအထိမှာ လိုက်ဖမ်းတာတွေ၊ အရှေ့မှာရပ်ထားတဲ့ကားတွေကိုပါ အကုန်ဖျက်ဆီးကုန်တာ။ ဒဏ်ရာရတဲ့သူတွေလည်း တွေ့ခဲ့ရတယ်” လို့ ဆန္ဒပြ သပိတ်မှာ ပါဝင်တဲ့ ကိုသက်စိုးထိုက်က ပြောပါတယ်။

အကြမ်ဖက်ဖြိုခွင်းမှုမှာ သေနတ်ကျည်အစစ်တွေပါသုံး ဖြိုခွင်းခဲ့ပြီး ဖမ်းမိထားတဲ့ သူတွေထဲ မှာ မိန်းကလေးတွေအများဆုံး ပါဝင်ပြီး သူတို့ကိုတော့ ကန်သာယာပန်းခြံနဲ့ စိန်ဂေယာထဲမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ရပ်ကွက်ကပြည်သူတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြပြီး တောင်းဆိုသူနေသူတွေကိုပါ ကျည်အစစ်သေနတ်တွေသုံးပြီး လိုက်လံဖြိုခွင်းနေပါတယ်။

လက်ရှိမှာ သံဃာတော်တွေညှိနှိုင်းချက် အသက်မပြည်သေးတဲ့ ကလေး ၂၀ ကျော်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရပ်ကွက်လမ်းတွေအထိ လိုက်လံပစ်ခတ်နေတယ်လို့ ဆန္ဒပြသူတဦးက ပြောပါတယ်။

2 years Ago
Up