ကန်သာယာ

April 30, 2020

မုံရွာမြို့က ဈေးဆိုင်ခန်းပေါင်း ၁၃၅၀ ကို  ကန်သာယာသို့  ပြောင်းရွှေ့

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့က ဈေးတွေဖြစ်တဲ့ သံလမ်းဈေး၊ မိတ်ဆက်ဈေး၊ အခွန်လွတ်ဈေးတွေက ဈေးဆိုင်ခန်းပေါင်း ၁၃၅၀ ကို ဧပြီ ၃၀ ရက်က စတင်ပြီး ပြည်ထောင်စုလမ်းဘေး ဝဲယာနဲ့ ကန်သာယာပတ်လမ်းတွေကို ပြောင်းရွှေ့လိုက်ပါတယ်။ အခုလို ပြောင်းရွှေ့တာဟာ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်တဲ့ ခပ်ခွာခွာနေကြဖို့ Social Distancing အတွက် ဆောင်ရွက်တာဖြစ်တယ်လို့ မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌက ဦးကျော်မျိုးဝင်းက ပြောပါတယ်။ "ဒါကတော့ COVID-19  ကာကွယ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းပေါ့။ ပြည်သူတွေလည်း လိုက်နာကြပါတယ်။ ဈေးသည်တွေလည်း လိုက်နာကြပါတယ်။ အကောင်းဆုံးအခြေအနေ ရောက်မှာပါ။ ကျန်တဲ့ပြောင်းရွှေ့ဖို့ကျန်နေသေးတဲ့ ဈေးဆိုင်တွေကိုလည်း ဆက်လက်ပြောင်းရွှေ့ဖို့ လုပ်ဆောင်သွားမှာပါ။" ဈေးတွေကို မနက်အစောပိုင်းကစတင်ကာ ရဲအင်အား ၅၀ ဝန်းကျင်အသုံးပြုပြီး ပြောင်းရွှေ့စေခဲ့တာပါ။  တခြားဈေးတွေဖြစ်တဲ့ မန်ကျည်းပင်ဈေး၊ သာစည်ဈေးတွေကိုတော့ ပြောင်းရွှေ့မှာမဟုတ်ဘဲ Social Distancingဖြစ်အောင် ကြပ်မတ်သွားမယ်လို့ ဆိုပါတယ်။  ဈေးတွေကို ကုန်စိမ်းဈေး၊ ပန်းဈေး၊ သစ်သီးဝလံဈေး၊ အသားငါးဈေး၊ ကုန်ခြောက်ဈေး၊ ငုံဥ ဘဲဥ ကြက်ဥ စတဲ့ အမျိုးအစား ၇ မျိုးသတ်မှတ်ပြီး ရောင်းချစေတာဖြစ်ပါတယ်။ အခုလို နေရာပြောင်းရွှေ့ရောင်းချစေတဲ့အပေါ်မှာတော့ အခက်အခဲအနည်းငယ်ရှိတယ်လို့ ဟင်းသီး ဟင်းရွက်ရောင်းချသူ တဦးက ပြောပါတယ်။ "နေရာကတော့ ကျယ်ကျယ်ဝန်းဝန်းရောင်းရတယ်။ ဒါပေမယ့် ဘယ်ဟာမှာ အခက်အခဲဖြစ်သွားလဲဆိုတော့ မိတ်ပေါ့။ ကိုယ့်ဆီမှာ ဝယ်နေကျ ဖောက်သည်တွေက ကိုယ်ဘယ်နားဖွင့်မှန်းမသိတဲ့ကိစ္စပေါ့။ နေရာသစ်ဆိုတော့ မိတ်‌သစ်ရှာရသလိုဖြစ်တာပေါ့။ အဲဒါပါပဲ တခြားတော့ ကြီးကြီးမားမား အခက်အခဲမရှိပါဘူး။"လို့ အခွန်လွတ်ဈေးက ပြောင်းရွှေ့လာတဲ့ ဈေးသည်တစ်ဦးက ပြောပါတယ်။ ယာယီဈေးမှာဈေးအဝင် လက်ဆေးဖို့၊ နှာခေါင်းစည်းတပ်ပြီးမှ ဝယ်ယူ ရောင်းချဖို့ သတိပေးဆိုင်းဘုတ်တွေလည်း ချိတ်ဆွဲထားပါတယ်။ ဈေးအတွင်း နှာခေါင်းစည်းတပ်သူ များပေမယ့် ပါးစပ်၊ နှာခေါင်းအုပ်တာနည်းပြီး မေးစေ့ပေါ် တပ်တာများနေလို့ စည်းကမ်းလိုက်နာဖို့ ပညာပေးအနေနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ စည်ပင်သာယာက ပြောပါတယ်။
2 years Ago

August 16, 2019

မုံရွာမြို့ ကန်သာယာကို အများပြည်သူအပန်းဖြေနေရာအဖြစ် အကြီးစားပြုပြင်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ပြည်ထောင်စုလမ်းကြားရှိ ဧက ၂၀၀ နီးပါးကျယ်ဝန်းတဲ့ ကန်သာယာကို အစိုးရရန်ပုံငွေ၊ အများလှုဒါန်းငွေတွေနဲ့ အကြီးစားပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပါတယ်။ ဇူလိုင်လကတည်းက စတင်ခဲ့တဲ့ ကန်သာယာ အကြီးစားပြုပြင်ပြောင်းလဲမှုကို ငွေကျပ်သိန်းပေါင်း ၁၀၀၀၀ ဝန်းကျင်အကုန်အကျခံကာ ၂ လအချိန်ယူလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုက နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဆုံးအကြိမ် လုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းစည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က “ကန်သာယာအင်းက တဖြည်းဖြည်းကောလာပြီ။ ဘေးက လူနေအိမ်တွေထက်တောင် တချို့နေရာတွေက မြင့်နေပြီ။ အခုဆို ကန်ကို ၃ ပေက နေ ၄ ပေအထိ ပြန်တူးနေတယ်။ ကန်ပတ်လည်မှာလည်း ကျောက်နံရံစီတယ်။ အရင်ကတော့ ကန်ထဲမှာ ကျွန်းတွေအများကြီး ရှိတယ်။ အခုအဲဒီကျွန်းတွေကိုလည်း ပေါင်းတာပေါင်း၊ ချဲ့တာချဲ့လုပ်လိုက်တယ်။ ကျွန်းကတော့ ၃ ကျွန်းပဲကျန်တော့မယ်။ ပြီးရင် ကျွန်းပေါ်တွေမှာ ပန်းခြံတွေလုပ်မယ်။ ကန်ပတ်လမ်းတွေပါမယ်။ ကားပါကင်တွေပါမယ်။ ကန်တူးလိုက်တာဖြစ်လို့ ရေကလည်း အရင်ကထက် ပိုပြီးတော့ များများသိုလှောင်နိုင်မှာပါ” လို့ ပြောပါတယ်။ ကန်သာယာပြင်ဆင်မှုပြီးသွားရင် အသက် ၆၀ ကျော် အမျိုးသမီးတွေအတွက်ရည်ရွယ်ကာ Mother Market ခေါ်တဲ့ ခေါင်းရွက်ဗျတ်ထိုးဈေးကိုလည်း ဖော်ဆောင်ပေးသွားမယ်လို့ စည်ပင်ဝန်ကြီးက ပြောဆိုထားပါတယ်။ ဒါ့အပြင် အပျော်စီးလှေတွေလည်း ထားရှိပေးသွားမယ်လို့ သိရပါတယ်။ ပြည်သူအပန်းဖြေနေရာမရှိသေးတဲ့ မုံရွာမြို့မှာ ပြည်သူ့အပန်းဖြေနေရာတခု ဖြစ်ပေါ်လာအောင် အစိုးရကနေ ဦးဆောင်ကာ ကန်သာယာ အကြီးစားပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေတဲ့ အပေါ်မှာတော့ ပြည်သူတွေက ဝမ်းသာကြိုဆိုကြပါတယ်။ ဒါပေမယ့် သုံးစွဲကုန်ကျမယ့်ငွေကြေး ပွင့်လင်းမြင်သာမှုမရှိတာနဲ့ အစိုးရသက်တမ်းတလျှောက် မုံရွာမြို့မှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု ပြစရာ ကြီးကြီးမားမားမရှိခဲ့ဘဲ အစိုးရသက်တမ်းကုန်ခါနီး ရွေးကောက်ပွဲနီးလာမှ လုပ်ပေးလာတဲ့အပေါ်မှာတော့ အရပ်ဖက်အဖွဲ့စည်းတချို့နဲ့ ပြည်သူတချို့က ဝေဖန်နေကြပါတယ်။ လက်ရှိမှာတော့ ကန်သာယာအကြီးစားပြုပြင်ပြောင်းလဲမှုကို စက်ယန္တရားအပါအဝင် ယာဉ်အစီးရေ ၈၀ ဝန်းကျင်နဲ့ နေ့စဉ်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် မြို့တွင်းဗိုလ်ချုပ်လမ်း အိုးရှင်းစူပါစင်တာရှေ့ကနေ ကန်သာယာအထိ လမ်းလယ် မီးတိုင်တွေကိုလည်း စိုက်ထူနေပါတယ်။
Zawgyi Version မုံရွာမြို့ ကန်သာယာကို အများပြည်သူအပန်းဖြေနေရာအဖြစ် အကြီးစားပြုပြင် အောင်ကိုလတ် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ပြည်ထောင်စုလမ်းကြားရှိ ဧက ၂၀၀ နီးပါးကျယ်ဝန်းတဲ့ ကန်သာယာကို အစိုးရရန်ပုံငွေ၊ အများလှုဒါန်းငွေတွေနဲ့ အကြီးစားပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်နေပါတယ်။ ဇူလိုင်လကတည်းက စတင်ခဲ့တဲ့ ကန်သာယာ အကြီးစားပြုပြင်ပြောင်းလဲမှုကို ငွေကျပ်သိန်းပေါင်း ၁၀၀၀၀ ဝန်းကျင်အကုန်အကျခံကာ ၂ လအချိန်ယူလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုက နှစ်ပေါင်း ၅၀ အတွင်းမှာ ပထမဆုံးအကြိမ် လုပ်ဆောင်တာဖြစ်တယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းစည်ပင်သာယာရေး ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က “ကန်သာယာအင်းက တဖြည်းဖြည်းကောလာပြီ။ ဘေးက လူနေအိမ်တွေထက်တောင် တချို့နေရာတွေက မြင့်နေပြီ။ အခုဆို ကန်ကို ၃ ပေက နေ ၄ ပေအထိ ပြန်တူးနေတယ်။ ကန်ပတ်လည်မှာလည်း ကျောက်နံရံစီတယ်။ အရင်ကတော့ ကန်ထဲမှာ ကျွန်းတွေအများကြီး ရှိတယ်။ အခုအဲဒီကျွန်းတွေကိုလည်း ပေါင်းတာပေါင်း၊ ချဲ့တာချဲ့လုပ်လိုက်တယ်။ ကျွန်းကတော့ ၃ ကျွန်းပဲကျန်တော့မယ်။ ပြီးရင် ကျွန်းပေါ်တွေမှာ ပန်းခြံတွေလုပ်မယ်။ ကန်ပတ်လမ်းတွေပါမယ်။ ကားပါကင်တွေပါမယ်။ ကန်တူးလိုက်တာဖြစ်လို့ ရေကလည်း အရင်ကထက် ပိုပြီးတော့ များများသိုလှောင်နိုင်မှာပါ” လို့ ပြောပါတယ်။ ကန်သာယာပြင်ဆင်မှုပြီးသွားရင် အသက် ၆၀ ကျော် အမျိုးသမီးတွေအတွက်ရည်ရွယ်ကာ Mother Market ခေါ်တဲ့ ခေါင်းရွက်ဗျတ်ထိုးဈေးကိုလည်း ဖော်ဆောင်ပေးသွားမယ်လို့ စည်ပင်ဝန်ကြီးက ပြောဆိုထားပါတယ်။ ဒါ့အပြင် အပျော်စီးလှေတွေလည်း ထားရှိပေးသွားမယ်လို့ သိရပါတယ်။ ပြည်သူအပန်းဖြေနေရာမရှိသေးတဲ့ မုံရွာမြို့မှာ ပြည်သူ့အပန်းဖြေနေရာတခု ဖြစ်ပေါ်လာအောင် အစိုးရကနေ ဦးဆောင်ကာ ကန်သာယာ အကြီးစားပြုပြင်ပြောင်းလဲမှု လုပ်ဆောင်နေတဲ့ အပေါ်မှာတော့ ပြည်သူတွေက ဝမ်းသာကြိုဆိုကြပါတယ်။ ဒါပေမယ့် သုံးစွဲကုန်ကျမယ့်ငွေကြေး ပွင့်လင်းမြင်သာမှုမရှိတာနဲ့ အစိုးရသက်တမ်းတလျှောက် မုံရွာမြို့မှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှု ပြစရာ ကြီးကြီးမားမားမရှိခဲ့ဘဲ အစိုးရသက်တမ်းကုန်ခါနီး ရွေးကောက်ပွဲနီးလာမှ လုပ်ပေးလာတဲ့အပေါ်မှာတော့ အရပ်ဖက်အဖွဲ့စည်းတချို့နဲ့ ပြည်သူတချို့က ဝေဖန်နေကြပါတယ်။ လက်ရှိမှာတော့ ကန်သာယာအကြီးစားပြုပြင်ပြောင်းလဲမှုကို စက်ယန္တရားအပါအဝင် ယာဉ်အစီးရေ ၈၀ ဝန်းကျင်နဲ့ နေ့စဉ်လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် မြို့တွင်းဗိုလ်ချုပ်လမ်း အိုးရှင်းစူပါစင်တာရှေ့ကနေ ကန်သာယာအထိ လမ်းလယ် မီးတိုင်တွေကိုလည်း စိုက်ထူနေပါတယ်။
2 years Ago
Up