ကန်ပေါက်

November 21, 2021

ကံပေါက်တွင် သတင်းပေးတစ်ဦးပစ်သတ်ခံရသဖြင့် ဒေသခံများကို စစ်တပ်က စစ်ဆေး

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ကံပေါက်ဒေသ ဖားချောင်းကျေးရွာမှာ စစ်ကောင်စီ သတင်းပေးတစ်ဦး ပစ်သတ်ခံရပြီးနောက် အနီးအနားက နေအိမ်က ပြည်သူအချို့ကို စစ်တပ်က ခေါ်ယူ စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။

ကံပေါက်ဒေသ ဖားချောင်းကျေးရွာမှာ နိုဝင်ဘာ ၁၉ ရက် ည ၁၂ နာရီကျော်ခန့်အချိန်က စစ်ကောင်စီ သတင်းပေးဆိုသူ ဦးကျော်ဦး အသတ်ခံရပြီး နေအိမ်ပါ မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ အသတ်ခံရတဲ့ ဦးကျော်ဦးရဲ့ အိမ်အနီး ပတ်ဝန်းကျင်ရှိ ဒေသခံရွာသူရွာသားတွေကို စစ်ကောင်စီဘက်က ခေါ်ယူစစ်ဆေးမေးမြန်းခဲ့တာလို့ ဆိုပါတယ်။

ဦးကျော်ဦးအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ KBDF ပူးပေါင်းတပ်ဖွဲ့တို့ ရှင်းလင်းခဲ့တာလို့ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

2 months Ago
Up