ကန်ပိုက်တီမြို့

August 7, 2021

မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမြို့အနီး တရုတ်က နယ်စပ်ခြံစည်းရိုးခတ်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီမြို့အနီး မြန်မာ-တရုတ် နယ်စပ်မှာ    မြန်မာအာဏာပိုင်တွေကို အသိပေးခြင်းမရှိဘဲ ပေ ၂၀ လောက်မြင့်တဲ့ နယ်စပ်ခြံစည်းရိုးကို တရုတ်ဘက်က ခတ်လိုက်ပါတယ်။

တရုတ်နိုင်ငံက  မြန်မာနိုင်ငံကို အသိပေးခြင်းမရှိဘဲ ခတ်လိုက်တဲ့ ခြံစည်းရိုးကို ကန်ပိုက်တီ မြို့နယ်အုပ်ချုပ်ရေးမှူးက သွားရောက်စစ်ဆေးခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ခြံစည်းရိုးက နယ်ခြားမှတ်တိုင် အမှတ် (၄) ကနေ အမှတ် (၃) ဘက်ကို ခတ်လိုက်တာ သံဆူးကြိုး ဘလိတ်ဓါးနဲ့ အုတ်တံတိုင်းနဲ့ ခတ်တာ။ ပြီးခဲ့တဲ့ရက်က မြို့နယ်အုပ်ချုပ်ရေးမှူး လာကြည့်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံဘက်က ခတ်လိုက်တဲ့ ခြံစည်းရိုးဟာ ပေ ၅၀၀ လောက် ရှည်လျားပြီး ပေ ၂၀ လောက် အမြင့်ရှိတဲ့ အုတ်တံတိုင်း၊ သံတိုင်တွေပေါ်မှာ ဘလိတ်ဓားသံဆူးကြိုးခွေ ပတ်ထားတဲ့ ခြံစည်းရိုး ဖြစ်ပါတယ်။

4 months Ago
Up