ကန်ဒေါ်လာ ၂၇ ဒသမ ၅ သန်း

October 8, 2020

တိုင်ရန်နိုဆောရပ်စ်မျိုးနွယ်ဝင် အရိုးစု ကန်ဒေါ်လာ ၂၇ ဒသမ ၅ သန်းဖြင့် ရောင်းချ

ကမ္ဘာ့အကြီးဆုံး တိုင်ရန်နိုဆောရပ်စ်  မျိုးရင်းတွေထဲက တခုဖြစ်တဲ့ စတန်မျိုးစိတ်သတ္တဝါရဲ့ အရိုး စုတစုကို အမေရိကန် ဒေါ်လာ ၂၇ ဒသမ ၅ သန်းနဲ့ ခရစ္စတီလေလံရုံက ရောင်းချ လိုက်ပါတယ်။   စတန်အတွက် မရောင်းမီ ခန့်မှန်းတန်ဖိုးက  ဒေါ်လာ ၈ သန်း ဝန်းကျင်ဖြစ်ပြီး အောက်တိုဘာ ၇ ရက်က ရောင်းချခဲ့တာပါ။  အမွေးတို တိုင်ရန်နိုဆောရပ်စ် မျိုးနွယ်ဝင် စတန်ဟာ ပေ ၄၀ ရှည်လျားပြီး ၁၃ ပေ မြင့်တယ်လို့ ခရစ္စတီက ဆိုပါတယ်။  သိပ္ပံပညာရှင်တွေ ဖော်ထုတ်ထားတဲ့ သူ့ လည်ပင်းက ပူးကပ်အရိုးအဆစ်နှစ်ခုကြောင့်လည်း စတန်ဟာ  ထင်ရှားပါတယ်။  ဒါဟာ သူအသက်ရှင်စဉ်က လည်ပင်းကျိုးခဲ့ပေမယ့် အသက်ရှင်ခဲ့တာကို ညွှန်းဆိုပြနေ ပါတယ်။  အများအားဖြင့် တိုင်ရန်နိုဆောရပ်စ် မျိုးနွယ်ဝင်သတ္တဝါတွေရဲ့ ကျောရိုးတွေကို ပြတိုက်တွေ၊ သီးခြားအဖွဲ့အစည်းတွေမှာ ထိန်းသိမ်းထားလေ့ရှိပါတယ်။  ဒါပေမဲ့ ဒီလေလံပွဲကတော့ အရိုးတွေကို စုဆောင်းလိုတဲ့ သီးခြားစုဆောင်းသူ ဒါမှမဟုတ် အဖွဲ့အစည်းတွေအတွက် အခွင့်အရေးပေးတာလို့ ခရစ္စတီလေလံရုံးက ဆိုပါတယ်။ ဒီအရိုးစုကို အမည်မသိလူပုဂ္ဂိုလ်တဦးက ဖုန်းကတဆင့် လေလံဆွဲပြီး လေလံအောင်ခဲ့တာလို့ ရိုက်တာက ဖော်ပြပါတယ်။ 
7 months Ago
Up