အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တန်ဖိုးရှိတဲ့ မှောင်ခို ကတ်သမင်းမူးယစ်ဆေးတွေကို ဖမ်းဆီးရမိတယ်လို့ ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
စုစုပေါင်း ထိုင်းဘတ်ငွေ ၂၉ ဘီလီယံဝန်းကျင် တန်ဖိုးရှိတဲ့ ၂၅ ကီလိုဂရမ်လေးတဲ့ အိတ်ပေါင်း ၄၅၇ အိတ်ကို စုံစမ်းရေးမှူးတွေက ဘန်ကောက်မြို့အရှေ့ဘက် ခါချိုအိမ်ဆောင် ပြည်နယ်က ဂိုဒေါင် တစ်ခုမှာ တွေ့ ရှိခဲ့တာပါ။
ထိုင်းနိုင်ငံကနေလာတဲ့ ကီလို ၃၀၀ လေးတဲ့ ကတ်သမင်းအိတ်ကို ထိုင်ဝမ်မှာ တွေ့ရှိခဲ့ ပြီးနောက်မှာ အာဏာပိုင်တွေ စုံစမ်းရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ခဲ့ပါတယ်။
အဲဒီ ကတ်သမင်းမူးယစ်ဆေးတွေကို ဥရောပ၊ ဂျပန် ဒါမှမဟုတ် ကိုရီးယားဆီပို့ဖို့ ဖြစ်နိုင်တယ်လို့ မူးယစ်နှိမ်နှင်းရေးဗျူရိုက ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးပမာဏက နိုင်ငံပေါင်းစုံပါဝင်တဲ့ ကွန်ရက်တစ်ခုကို ညွှန်းဆိုနေပြီး ထိုင်းအနေနဲ့ တခြားနိုင်ငံတွေ ၊ နိုင်ငံတကာအေဂျင်စီတွေနဲ့ ပူးပေါင်းစုံစမ်းသွားမယ်လို့ ဗျူရိုအကြီး အကဲက ပြောပါတယ်။
2 years Ago