ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာ

A d v e r t i s e m e n t With Us

June 7, 2020

ကိုဗစ်ကာလ ဖျာပုံမြို့ ဘိုးဘွားရိပ်သာ၌ အလှူရှင်များ လိုအပ်နေ

ဖျာပုံမြို့ ကန်တော်မင်္ဂလာ ဘိုးဘွာရိပ်သာမှာ ကိုဗစ်-၁၉ ကာလ အလှူရှင်တွေ လျော့နည်းလာတာကြောင့် အဘိုး၊ အဘွားတွေအတွက် အာဟာရအလှူရှင်တွေ လိုအပ်နေတယ်လို့ ဖျာပုံမြို့ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သား ဥက္ကဋ္ဌ ဦးဘဟိန်းက ပြောပါတယ်။ “ကိုဗစ်ကာလာမှာ အလုပ်အကိုင် အခွင့်အလမ်းတွေက နည်းလာတော့ အလှူရှင်တွေလည်း လျော့နည်းလာတယ်။ ယခင်က တစ်လကို ၂၈ ရက်လောက်အလှူရှင်ရှိပြီး အခု ကိုဗစ်ကာလမှာ ၁ လကို ၁၈ ရက်လောက်ပဲ အလှူရှင်ရှိတယ်။ အလှူရှင်နည်းလာတော့ စိတ်အားတော့ငယ်တာပေါ့။” ဖျာပုံမြို့ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာမှာ အဘိုး၊ အဘွား ၃၄ ဦးရှိပြီး တနေ့ ၃ ကြိမ် ကျွေးမွေးနေပြီး ငွေကျပ် ၇ သောင်းခွဲ ကုန်ကျတယ်လို့ ဆိုပါတယ်။ ဖျာပုံမြို့ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာကို ၁၉၉၃ ခုနှစ်က စတင်တည်ထောင်ပြီး အဘိုး အဘွားတွေကို ပြုစုစောင့်ရှောက်ပေးနေတာလို့ သိရပါတယ်။ ကျော်စိုးမိုး(ဖျာပုံ)
9 months Ago
Up