ကန်တော်နဒီဆေးရုံ

A d v e r t i s e m e n t With Us

October 26, 2020

မန္တလေး ကန်တော်နဒီဆေးရုံက ကိုဗစ်-၁၉ လူနာ ၁ ဦး ထပ်မံသေဆုံး 

မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အသက် ၃၀  ကျော်အရွယ် အမျိုးသားတစ်ဦး အောက်တိုဘာ ၂၅ ရက် ည ၈ နာရီ လောက်က သေဆုံးခဲ့တယ်လို့ ဆေးရုံတာဝန်ခံ ဒေါက်တာသက်ပိုင်ဦးက အတည်ပြုပြောပါတယ်။ အောက်တိုဘာ ၂၅ ရက် မနက်ပိုင်းကလည်း သေဆုံးသူ နှစ်ဦးရှိခဲ့ပြီး တစ်ဦးဟာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က အသက်(၇၅)နှစ်အရွယ် အမျိုးသမီးဖြစ်ကာ သွေးတိုး ဆီးချိုရှိသူ ဖြစ်ပါတယ်။ ကျန် တစ်ဦးမှာ စစ်ကိုင်းမြို့က အသက်(၆၂)နှစ်အရွယ် အမျိုးသား ဖြစ်ပြီး အသည်းခြောက်တာ ၊ Bပိုး C ပိုး ရှိတယ်လို့ သိရပါတယ်။ နောက်ဆုံးသေတဲ့ အသက် (၃၀) ကျော်အရွယ် အမျိုးသားမှာလည်း လည်ချောင်းနဲ့ လျှာကင်ဆာ ရောဂါရှိသူဖြစ်တယ်လို့ ကန်တော်နဒီဆေးရုံ တာဝန်ခံ ဒေါက်တာသက်ပိုင်ဦး က ဆိုပါတယ်။ သေဆုံးသူဟာ ပုသိမ်ကြီးမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ကိုဗစ်စည်းမျဉ်းနဲ့အညီ သင်္ဂြိုဟ်ခဲ့ ပါတယ်။ မန္တလေးမှာ စက်တင်ဘာ ၁၆ ရက်က အသက် (၈၀)ရှိ အမျိုးသမီးတစ်ဦး၊ အောက်တိုဘာ ၃ ရက်က အသက် (၇၆) နှစ်အရွယ် အမျိုးသားတစ်ဦး၊ အောက်တိုဘာ ၂၂ ရက်က အသက် (၆၅) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဟာ ကိုဗစ်-၁၉  ရောဂါနဲ့ သေဆုံးထားပါတယ်။ မန္တလေးတိုင်းဒေသကြီးမှာ အောက်တိုဘာ ၂၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၁,၃၁၃ ယောက်ရှိပြီဖြစ်ပြီး ၆၀၀ နီးပါး ဆေးရုံတက်နေဆဲလို့ မန္တလေးတိုင်း အစိုးရအဖွဲ့ က ထုတ်ပြန်ထားပါတယ်။ သတင်း - နိုင်လင်းဦး
4 months Ago

April 23, 2020

မန္တလေးက COVID-19 အတည်ပြု လူနာအမှတ် ၄ နေအိမ်ပြန်ခွင့်ရ 

မန္တလေးမြို့က COVID-19 ရောဂါ အတည်ပြုလူနာ နံပါတ် ၄ ဟာ ပိုးမတွေ့ကြောင်း အဖြေထွက်ပြီး Facility Quarantine ဆက်လက်နေခဲ့ကာ ကျန်းမာရေးကောင်းမွန်တဲ့အတွက် ဒီကနေ့ နေအိမ်ကို ပြန်ခွင့်ပေးလိုက်ပြီလို့ မန္တလေးအထွေထွေရောဂါဆေးရုံကြီး ဆေးရုံအုပ် ဒေါ်စုစုဒွေးက ပြောပါတယ်။ “သူ့ကို ဒီကနေ့မှာ အိမ်ပြန်ခိုင်းလိုက်ပါပြီ။ Home Quarantine အနေနဲ့ တစ်ပတ်အိမ်မှာ နေခိုင်းထားတယ်။ နောက်ပြီး တစ်ပတ်တစ်ခါ လာပြဖို့လည်း ပြောထားပါတယ်။”  ဆေးစစ်ရလဒ်အဖြေဟာ ပိုးမရှိကြောင်းအဖြေထွက်တာ နှစ်ကြိမ်ရှိပြီဖြစ်တဲ့အတွက် ပိုးတွေ့လူနာနဲ့ ဇနီးဖြစ်သူကို ကန်တော်နဒီဆေးရုံကနေ နဒီမြန်မာဆေးရုံမှာ Facility Quarantine အဖြစ် ဆက်လက်ထားရှိခဲ့တာပါ။  အဆိုပါလူနာဟာ မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ဖြစ်ပြီး မန္တလေးမြို့ မြရည်နန္ဒာ တန်ဖိုးနည်း အိမ်ရာတိုက်ခန်းမှာ နေထိုင်ပြီး မတ်လ ၂၆ ရက်က သူ့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ စစ်ဆေးတွေ့ရှိခဲ့ တာဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝန်းမှာ ဒီနေ့မနက်အထိ  COVID-19 အတည်ပြုလူနာ စုစုပေါင်း ၁၂၇ ဦးရှိသွားပြီဖြစ်ပြီး ပြန်ကောင်းလာသူ ၉ ဦးရှိသွားပြီလို့  ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
11 months Ago
Up