ကန့်သတ်

January 6, 2018

မြောက်ကိုရီးယားကို ရေနံတင်ပို့မှု တရုတ်အစိုးရ ကန့်သတ်

တရုတ်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံဆီ စွမ်းအင်ပံ့ပိုးမှု ကန့်သတ်ချက်ကို ဒီနေ့က စပြီး အာဏာသက်ရောက်လိုက်တယ်လို့ စီးပွားရေးဝန်ကြီးဌာနနဲ့ အထွေထွေအကောက်ခွန် စီမံခန့်ခွဲရေးရုံးတို့က ဇန်န၀ါရီ ၅ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ တရုတ်အစိုးရဟာ မြောက်ကိုရီးယားအစိုးရကို ရေနံစိမ်းနဲ့ ချက်ပြီးသား ရေနံထွက် ကုန်စည် ၂ မျိုးလုံး တင်ပို့မှုကို တင်းကြပ်လိုက်တာပါ။ ဒါ့အပြင် သံ၊ သံမဏိနဲ့ တခြား သတ္ထုတွေ စက်မှုလုပ်ငန်းသုံး၊ စက်ပစ္စည်းတွေနဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်တွေကို မြောက်ကိုရီးယားဆီ တင်ပို့မှုကို အပြည့်အဝ တားမြစ်ပိတ်ပင်ချက်ကိုလည်း ဒီနေ့ အာဏာတည်စေလိုက်ပါတယ်။ ဒါဟာ ကုလသမဂ္ဂရဲ့ နောက်ဆုံး ဒဏ်ခတ်မှုအရပါ။ လာမယ့်သီတင်းပတ်မှာတော့ တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား ပထမဆုံး တရားဝင် ဆွေးနွေးပွဲကျင်းပဖို့ သဘောတူ ထားပါတယ်။ မြောက်ကိုရီးယား နျူကလီးယားအရေးဆိုင်ရာ တရုတ်ညှိနှိုင်းရေးမှူးချုပ်ကတော့ ကိုရီးယားကျွန်းဆွယ်အရေး တိုးတက်မှုတွေကို တရုတ်အစိုးရက ကြိုဆိုတယ်လို့ ပြောပါတယ်။ ဒီအရေးနဲ့ ပတ်သက်သူအားလုံး ညှိနှိုင်းရေးလမ်းကြောင်းပေါ် ပြန်သွားကြဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း တိုက်တွန်းခဲ့ပါတယ်။
4 years Ago
Up