ကန့်ကွက်မည်

May 6, 2017

အဖွဲ့ချုပ်ဗဟိုကော်မတီအစည်းအဝေးကျင်းပ၊ ကျိုင်းတုံကိုယ်စားလှယ်ကိုကန့်ကွက်မည်

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကျိုင်းတုံ လွှတ်တော်ကိုယ်စားလှယ်ကို ကန့်ကွက်လွှာ တင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ဒီကနေ့ မေ ၆ ရက်က နေပြည်တော်မှာ  ပြုလုပ်တဲ့ ပါတီ ဗဟိုကော်မတီ အစည်းအဝေးအပြီးမှာ မီဒီယာတွေကို ပြောပါတယ်။ “သူတို့ဘက်က မူမမှန်တာတွေရှိတော့ ကျိုင်းတုံကိုတော့ ကန့်ကွက်လွှာတင်မယ်။ အချို့မဲရုံ တွေက စည်းကမ်းနဲ့ မညီတာရှိတယ်။ နောက်စည်းရုံးလုပ်တဲ့ အချို့အဖွဲ့အစည်းတွေရဲ့ ဘက်လိုက်မှုတွေရှိတယ်။ အဲဒါတွေက အထောက်ထားခိုင်လုံတယ်။ ခိုင်လုံလို့လည်း တင်တာပေါ့။ အထောက်အထား မခိုင်လုံရင် တော့ မတင်ဘူး” လို့ ဦးဝင်းထိန်ကပြောပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ ပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေကို ပြန်လည်သုံးသပ်ပြီး ပါတီစည်းရုံးရေး ပိုကောင်းအောင်လုပ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ လည်းပြောပါတယ်။ ဒီအစည်းအဝေးကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းစသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
4 years Ago
Up