ကန်းဆတ်ပြည်နယ်

A d v e r t i s e m e n t With Us

May 30, 2019

အမေရိကန် ကန်းဆတ်ပြည်နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်၊ နေအိမ်များပျက်စီး

အမေရိကန်နိုင်ငံ ကန်းဆတ်ပြည်နယ်မှာ မေလ ၂၈ ရက် ညနေက လေဆင်နှာမောင်းတွေ တိုက်ခတ်လို့ အိမ်တွေပျက်စီးပြီး သစ်ပင်တွေ အမြစ်က ကျွတ်ထွက်ခဲ့သလို လျှပ်စစ်ဓာတ်အားပေး ကြိုးတွေလည်း ပြတ်ကျခဲ့တယ်လို့ အမျိုးသား မိုးလေဝသဌာန (NWS) က ပြောပါတယ်။ ကန်းဆတ်မြို့နားမှာတော့ လေဆင်နှာမောင်း အခု ၂၀ ထိ တိုက်ခတ်ခဲ့တယ်လို့ မုန်တိုင်းတွေကို လိုက်ပြီး မှတ်တမ်းတင် လေ့လာသူတွေက NWS ကို အကြောင်းကြားခဲ့ပါတယ်။ လမ်းတွေပေါ်မှာ အပျက်အစီးတွေနဲ့ သစ်ကိုင်းတွေ ပြန့်ကျဲနေတဲ့ ရုပ်သံတွေကို သတင်းဌာနတွေက ထုတ်လွှင့်ခဲ့ပါတယ်။ ကန်းဆတ်မြို့နဲ့ ၃၅ မိုင်အကွာက လောရင့်စ်မြို့ဆီ လေဆင်နှာမောင်း ရွေ့လျားတိုက်ခတ်ပုံကိုလည်း ရိုက်တာသတင်းဌာနက ရုပ်သံထုတ်လွှင့် ပြသခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် သေဆုံးသူ အစီရင်ခံတာ မရှိပေမယ့် လူအတော်များများ ဒဏ်ရာရခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း ဒေသကို ပြီးခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း လေဆင်နှာမောင်း အခု ၃၀၀ ကျော် တိုက်ခတ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။
2 years Ago
Up