အမေရိကန်ရေတပ်ဟာ Zumwalt-ပထမတန်းစား ဖျက်သင်္ဘောသစ်တစီးကို ထုတ်လုပ်ထားတယ်လို့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါ တယ်။
မေရီလဲန်းပြည်နယ်၊ ဘောလ်တီမိုးမြို့မှာ ဒီ USS Zumwalt ဖျက်သင်္ဘောသစ်ကို မိတ်ဆက်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၅ ရက်မှာ လုပ်ငန်း စတင်လည်ပတ်မယ်လို့ ဆိုပါတယ်။
ဒီဖျက်သင်္ဘောဟာ အရှည် ၁၈၅ မီတာရှိပြီး အလေးချိန်တန် ၁ သောင်းခွဲလောက်ကို တင်ဆောင်နိုင်မှာဖြစ်ကာ သူ့ရဲ့ပုံသဏ္ဌာန်ကို ရေဒါထောက်လှမ်းမှုမှ ကာကွယ်နိုင်ဖို့ တြိဂံပုံ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။
USS Zumwalt ဖျက်သင်္ဘောမှ ရေတပ်ဗိုလ်မှူးကြီး ဂျိမ်းစ်ကာ့ခ်က ဒီဖျက်သင်္ဘောမှာ ကာကွယ်ပေးနိုင်မှုအမြင့်ဆုံး အခြေအနေမှာရှိပြီး တကမ္ဘာလုံးမှာ လုပ်ငန်းစွမ်းဆောင်ရည် အမျိုးအစား အားလုံးမှာ လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။
ဒီသင်္ဘောကို ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဒီယေဂိုမြို့အနီးဝန်းကျင်မှာ တပ်ဖြန့်ချထားမှာ ဖြစ်တယ်လို့ အန်အိပ်ခ်ျကေ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အမေရိကန် ကာကွယ်ရေးဌာနဆိုင်ရာ တာဝန်ရှိသူတွေကတော့ ဒီဖျက်သင်္ဘောဟာ ဒေသတွင်း အမြင့်ဆုံးစွမ်းဆောင်ရည်နဲ့ ကာကွယ်ပေးနိုင်လိမ့်မယ်လို့ ပြောပါတယ်။
6 years Ago