ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှု စုံညီခုံရုံးဖွဲ့စစ်ဆေးမည်

January 29, 2018

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးငြှိမ်းသတ်စဉ် ဒဏ်ရာရခဲ့သည့် မီးသတ်ဦးစီးမှူး ကွယ်လွန်

၂၀၁၇ အောက်တိုဘာ ၁၉ ရက်က မီးလောင်ကျွမ်းခဲ့တဲ့ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုမှာ ပါဝင် မီးငြှိမ်းသတ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်စွာလင်းဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသခံယူရင်း မနေ့ည ၈ နာရီကျော်မှာ ကွယ်လွန်သွားပါတယ်။ ဦးကျော်စွာလင်းဟာ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ကျွမ်းတဲ့အချိန် မီးငြှိမ်းသတ်စဉ်က ဦးခေါင်းပေါ် သစ်သားတန်း ပြုတ်ကျပြီး သတိမေ့ကာ ဦးနှောက်အမှေးအောက် သွေးခဲ၊ ဦးနှောက်အသားအတွင်း သွေးယိုစိမ့်၊ ဝဲနားထင်ရိုးကျိုး ဒဏ်ရာတွေ ရရှိခဲ့လို့ ခွဲစိတ်ကုသကာ ဦးနှောက်နှင့်အာရုံကြောကုသဌာန အထူးကြတ်မတ်ကုသခန်းမှာ ကုသခံနေတာ ဖြစ်တယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ထားတာပါ။ ၃ လလောက် ဆေးကုသခံရင်း ကွယ်လွန်သွားတဲ့ မီးသတ်ဦးစီးအရာရှိ ဦးကျော်စွာလင်းကို ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ ၁ နာရီအချိန် ရေဝေးသုသာန်မှာ မီးသဂြုင်္ိဟ်မှာ ဖြစ်ပါတယ်။
3 years Ago

November 15, 2017

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မီးလောင်မှု လျော်ကြေးကျပ်သိန်း ၇ ထောင်ခန့်ပေးရန် ဆုံးဖြတ်

  ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုအတွက် လျော်ကြေး ကျပ်သိန်း ၇ ထောင်လောက်ပေးဖို့ ဆုံးဖြတ်တယ်လို့ မြန်မာ့အာမခံလုပ်ငန်း တာဝန်ရှိသူက ပြောပါတယ်။ ထူးကုမ္ပဏီအုပ်စု ပိုင်ဆိုင်တဲ့ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်ဟာ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းက မီးလောင်ခဲ့တာဖြစ်ပါတယ်။ အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းက “ကျပ်သန်း ၆၅၀ ဝန်းကျင်၊ ၇၀၀ လောက်ပေါ့ ပေးဖို့ ဆုံးဖြတ်ပါတယ်။ လျော်ကြေးပေးတဲ့ နေ့မှာလည်း အားလုံးကို ဖိတ်ပါမယ်” လို့ ပြောပါတယ်။ ဟိုတယ်မီးလောင်မှုကြောင့် တည်းခိုသူ နှစ်ယောက်သေဆုံးပြီး မီးသတ်ဦးစီးမှူးတယောက် ဒဏ်ရာ ရခဲ့ပါတယ်။ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် ပင်မအဆောက်အအုံကို မြန်မာ့အာမခံလုပ်ငန်းမှာ မီးအာမခံအဖြစ် ငွေကျပ်သန်း ၈၀၀ ထားရှိခဲ့ပြီး အောင်သစ္စာဦး အာမခံလုပ်ငန်းမှာတော့  ငွေကျပ်သန်း ၅၀၀ ကျော် မီးအာမခံ ထားရှိခဲ့တယ်လို့သိရပါတယ်။ ရန်ကုန်က မင်္ဂလာဈေးမီးလောင်မှုမှာတော့ အာမခံလျော်ကြေး ကျပ်သန်း ၂၀၀ ပေးခဲ့တယ်လို့ သိရပါတယ်။
3 years Ago
Up