အမေရိကန်နိုင်ငံ၊ အုထရက်ပြည်နယ် ရက်ဒ်ရော့ဒ်ကန်းထရီးကန္တာရထဲမှာ နိုဝင်ဘာ ၁၈ ရက်က ထူးဆန်းတဲ့ သတ္တုတုံးကြီးတခုကို ရှာတွေ့ခဲ့ပါတယ်။
ပြည်နယ်ရဲ့ ဘေးကင်းလုံခြုံရေး လေကြောင်းဗျူရိုဌာနက ဦးချိုကြီး သိုးအရေအတွက်ကို ကောက်ယူဖို့ ဆောင်ရွက်နေချိန်မှာ အဲဒီအတုံးကြီးကို ကန္တာရအလယ်မှာ တွေ့ခဲ့ရတာပါ။
လက်ရှိအချိန်အထိ အဲဒီထူးဆန်းတဲ့ သတ္တုတုံးကြီးကို ဘယ်သူက ဘာရည်ရွယ်ချက်နဲ့ လာချထားတာလဲ ဆိုတာကို မသိရသေးပါဘူး။
ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် ဒီသတ္တုတုံး ဘယ်မှာ ရှိနေလဲဆိုတာကို မပြောနိုင်သေးကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
အဲဒီဧရိယာကို သွားသူတွေအနေနဲ့လည်း ပိတ်မိနိုင်ကာ ကယ်ဆယ်ရေးတပ်ဖွဲ့ရဲ့ အကူအညီကို ရယူရနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
5 months Ago