ကန်တက်ကီဘောလုံးပွဲ

November 27, 2016

ကန်တက်ကီဘောလုံးပွဲ ပစ်ခတ်မှု ၂ ဦး သေဆုံး

အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်ရဲ့ နှစ်စဉ်ကျေးဇူးတော်နေ့ အထိမ်းအမှတ်အတွက် ဘောလုံးပွဲကျင်းပတဲ့ အနားမှာ သေနတ်ပစ်ခတ်မှု တစ်ခုဖြစ်ခဲ့လို့ လူ ၂ ဦး သေဆုံးပြီး၊ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ လူးဝစ်စ်ဗေလီ မက်ထရို ရဲက ပြောကြောင်း စီအဲန်အဲန်သတင်းမှာ ဖေါ်ပြထားတာပါ။ အားလပ်ရက် အမေရိကန် ဘောလုံးပွဲစဉ်များစွာအတွက် ကလေးနဲ့ လူကြီး အယောက် ၁၀၀ လောက်ရှိတဲ့ လူးဝစ်စ်ဗေလီမြို့က ရှော်န်ရီးပန်းခြံထဲမှာ နှစ်စဉ်ကျင်းပနေမြဲဖြစ်တဲ့ ဘောလုံးပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လည် ၂ နာရီမတိုင်ခင်မှာ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သိရပါတယ်။ ပစ်ခတ်မှုအပြီးမှာတော့ ပန်းခြံထဲမှာ လူတွေဟာ တစ်ဦးနဲ့တစ်ဦး နှစ်သိမ့်နေကြပါတယ် သေနတ်ပစ်ခတ်မှု အသံတွေကို ကြားချိန်မှာ အဲ့ဒီနေရာမှာရှိနေတဲ့ စတီဗင်ဝက်ရှ်ဘန်းဟာ ဖေ့စ်ဘွတ် လိုက်ဖ်ရုပ်သံ ရိုက်နေတာပါ သေနတ် ၁၉ ချက် ပစ်ခတ်ခဲ့ပြီး သေနတ်သမားကိုတော့ ဗီဒီယိုရုပ်သံထဲမှာ မတွေ့ရပါဘူး။ အက်ဖ်ဘီအိုင်အပါအဝင် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပစ်ခတ်မှုကို စုံစမ်းနေတယ်လို့ စီအဲန်အဲန်နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ ဝေဖ်က သတင်းထုတ်ပြန်ခဲ့ပြီး သေနတ်သမား ထွက်ပြေးသွားတယ်လို့ လူးဝစ်စ်ဗေလီမက်ထရို ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောခဲ့ပါတယ်။ ဘောလုံးပွဲကို မကြည့်ရှုသူတွေ ရန်ဖြစ်တာကို တားမြစ်ရင်း ဒီလိုပြစ်ခတ်မှု ဖြစ်ခဲ့တာလို့ ဗိုလ်ကြီးအမ်မလီမက်ကင်လေက သတင်းထောက်တွေကို နိုဝင်ဘာလ ၂၅ ရက်နေ့က ပြောခဲ့ပြီး သေနတ်သမားကိုလည်း ဖမ်းမမိသေးဘူးလို့ သိရပါတယ်။ ဒီပစ်ခတ်မှုအတွင်း လူ ၄ ဦးမှ ၅ ဦးက ဒဏ်ရာတွေ ရခဲ့တယ် ဒါပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ရဲက ပြောပါတယ်။ ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ရှဲလ်က ၂၀၁၆ ခုနှစ်ရဲ့ ကျေးဇူးတော်နေ့မှာ လူးဝစ်စ်ဗယ်လီမြို့ သတ်ဖြတ်မှု ပစ်ခတ်မှုတွေကနေ ၁၁၂ ဦး သေခဲ့တယ် ဒါက ၁၉၇၁ နဲ့ နှိုင်းယှဉ်လိုက်ရင် ပိုများနေတယ် အဲ့ဒီအချိန်တုန်းက ၁၁၀ ဦး သေခဲ့တယ်လို့ ဝေ့ဖ်သတင်းဌာနကို ပြောပါတယ်။ ကွင်းပြင်ကျယ်ထဲမှာ ရဲကားတွေအများကြီးရောက်နေပြီး ဘောလုံးပွဲကိုတော့ ကွင်းကျယ်ကြီးရဲ့ အခြားတစ်ဖက်မှာ ဆက်လက်ကျင်းပတယ်လို့လည်း သိရပါတယ်။
5 years Ago
Up