ကန်စစ်တပ်မှ အိုင်အက်စ်ကို လေကြောင်းမှ တိုက်ခိုက်သည့် ရုပ်သံ ထုတ်လွှင့်သတိပေး

A d v e r t i s e m e n t With Us

September 7, 2016

ကန်စစ်တပ်မှ အိုင်အက်စ်ကို လေကြောင်းမှ တိုက်ခိုက်သည့် ရုပ်သံ ထုတ်လွှင့်သတိပေး

အမေရိကန်စစ်တပ်က အိုင်အက်စ် အကြမ်းဖက်အုပ်စုကို ရည်ရွယ်ပြီး သမားရိုးကျ မဟုတ်တဲ့ ရုပ်သံဗွီဒီယိုဖိုင်တခုကို ထုတ်လွှင့်လိုက်ပါတယ်။ အီရတ်ရှိ အိုင်အက်စ် အကြမ်းဖက်အုပ်စုပိုင် ယာဉ်တစီးကို ညွန့်ပေါင်းတပ်ဖွဲ့တွေက လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးခဲ့တာကို ဒီရုပ်သံဗွီဒီယိုဖိုင်မှတဆင့် မျှဝေလိုက်တာပါ။ သြဂုတ် ၂၁ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ အိုင်အက်စ်ပိုင် ယာဉ်တစင်းဟာ ကေရာယာအဝေးပြေးလမ်းမပေါ်မှာ အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေခဲ့တာကို တွေ့ရပြီးနောက်မှာတော့ တိုက်ခိုက်ခံရပြီး ပေါက်ကွဲပျက်စီးသွားခဲ့တာကို တွေ့ရပါတယ်။ သည်ဝါရှင်တန် အိပ်ဇ်ဇမ်မ်နာ သတင်းထုတ်ပြန်ချက်မှာတော့ အဆိုပါ ရုပ်သံဗွီဒီယိုဖိုင်ဟာ ညွန့်ပေါင်းတပ်ဖွဲ့တွေက ဂျီဟဒ်တွေကို အထူးသတိပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်လွှင့်ခဲ့တာလို့ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်မျက်နှာပြင်ရဲ့ အောက်ခြေမှာ “မင်းတို့ ပြေးနိုင်တယ်။ ဒါပေမယ့် မင်းတို့ မပုန်းနိုင်ပါဘူး” လို့ ရေးထိုးထားခဲ့တာကို တွေ့ရမှာပါ။ ဒီသတိပေးချက် ရုပ်သံဗွီဒီယိုဖိုင်ဟာ အီရတ်မြောက်ပိုင်းမှာ အကြမ်းဖက် အိုင်အက်စ်တပ်သား ၂ ဦး လက်ချက်ကြောင့် အမျိုးသမီးတဦး အသတ်ခံရပြီးနောက်မှာ ထွက်ပေါ်လာခဲ့တာပါ။ အိုင်အက်စ် အကြမ်းဖက်အုပ်စုတွေဟာ ဆီးရီးယားနဲ့ အီရတ်တလျှောက် နယ်မြေဒေသတွေမှာ တကိုယ်လုံး ဖုံးကွယ်ဝတ်ဆင်ရတဲ့ ဘာကာဝတ်စုံတွေ ၀တ်ဆင်မထားတဲ့ အမျိုးသမီးတွေကို သတ်ရမယ်လို့ အမိန့်ထုတ်ပြန်ထားခဲ့တာပါ။ ဒါပေမယ့် လက်ရှိမှာလည်း အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တမြို့ဖြစ်တဲ့ မိုဆူးလ်မြို့မှာ ခုချိန်ထိ အမျိုးသမီးတွေကို ထိန်းချုပ်တားမြစ်ထားမြဲ ဖြစ်ပါတယ်။
4 years Ago
Up