ကန့်သတ်မိန့်

September 28, 2020

ကိုဗစ်-၁၉ ကန့်သတ်မိန့်ကို မက်ဒရစ်မြို့ ပြည်သူရာချီ ဆန္ဒပြ

စပိန်နိုင်ငံ မြို့တော်မက်ဒရစ်က အလုပ်သမား လူတန်းစားရပ်ကွက် ဗာရယ်လက်စ်မှာ ဒေသန္တရ အစိုးရရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကန့်သတ်မိန့်ကို စက်တင်ဘာ ၂၇ ရက်က လူရာချီ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။ လူဦးရေ ၈ သိန်းခွဲ နေထိုင်ရာ ဒေသမှာ လှုပ်ရှားသွားလာမှု ကန့်သတ်မိန့်ကို မဒရစ် အာဏာပိုင်တွေက စက်တင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့လို့ ခွဲခြားဖိနှိပ်မှု မကျေနပ်ချက်နဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။ ဒီဒေသမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုနှုန်း လူ ၁ သိန်းမှာ လူအယောက် ၁၀၀၀ ကျော်နေလို့ အခုလို ကန့်သတ်မိန့်ထုတ်ရတာလို့ မက်ဒရစ် ဒေသန္တရ အစိုးရက ပြောပါတယ်။  ဒါပေမယ့် ဒေသခံတွေကတော့ ခုလုပ်ဆောင်ချက်ဟာ ကျောင်းတွေနဲ့ လုပ်ငန်းခွင်တွေကို သွားဖို့ ခွင့်ပြုထားတာကြောင့် လူတွေ ကြပ်ညှပ်နေတဲ့ သယ်ယူပို့ဆောင်ရေး စနစ်ရဲ့ ပြဿနာရှိပြီး ဗိုင်းရပ်စ် ကူးစက်မှု မြန်စေတယ်လို့ ပြောပါတယ်။ မဒရစ် အစိုးရဟာ ကူးစက်နှုန်ုးမြင့်တဲ့ ခရိုင် ဒါဇင် အတော်များများကို စက်တင်ဘာ ၂၅ က စပြီး တစိတ်တပိုင်း ပိတ်ချခဲ့ပါတယ်။ မြို့တော်မှာ ကူးစက်နှုန်း ဆက်ပြီးမြင့်နေလို့ တမြို့လုံး အသွားအလာ ပိတ်ဆို့ကန့်သတ်ဖို့ ပြည်ထောင်စု အစိုးရက ထောက်ခံ ထားပေမယ့် တစိတ်တပိုင်းပဲ ပိတ်ထားခဲ့တာပါ။ ပိုတင်းကြပ်တဲ့ ကန့်သတ်ချက်တွေ မလုပ်ရင် မြို့တော်နေ ဒေသခံတွေနဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ အင်မတန် ပြင်းထန်တဲ့ ဘေးအန္တရာယ် ရှိနေကြာင်း၊ ကူးစက်မှု မြင့်တဲ့ နေရာတွေမှာ ကန့်သတ်ချက် တင်းကြပ်ဖို့ စက်တင်ဘာ ၂၆ မှာ စပိန် ကျန်းမာရေးဝန်ကြီးက မဒရစ် အာဏာပိုင်တွေကို တိုက်တွန်းထားပါတယ်။
7 months Ago

May 10, 2020

ကိုရိုနာဗိုင်းရပ် ကန့်သတ်မိန့်များကို ဂျာမနီပြည်သူထောင်ချီ ဆန္ဒပြ

ဂျာမနီနိုင်ငံ မြို့တော် ဘာလင်နဲ့ စတွတ်ဂါ့တ်မြို့တွေက လမ်းတွေပေါ်မှာ ထောင်နဲ့ချီတဲ့ လူတွေ မေ ၉ ရက်က စုရုံးခဲ့ကြပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုထိန်းချုပ်ရေး ညွှန်ကြားချက်တွေကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံအနောက်တောင်ပိုင်းက စတွတ်ဂါ့တ်မြို့မှာ ထောင်ချီတဲ့လူတွေဟာ ဒီမိုကရေစီအစား မာကယ်ရဲ့ အာဏာရှင်စနစ်၊ အိပ်စား လိုက်နာ စတဲ့ ဆောင်ပုဒ်တွေကို ရေးထားတဲ့ လက်ကိုင် ဆိုင်းဘုတ်တွေကို ကိုင်စွဲခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကို လိုက်နာဖို့ ဆန္ဒပြပွဲမှာ ပါဝင်သူ ၁ သောင်းပဲ ရှိရမယ်လို့ ဒီမြို့မှာ ကန့်သတ်ထားပါတယ်။  ဘာလင်မြို့တော်မှာတော့ ရာနဲ့ချီတဲ့ လူတွေက လွှတ်တော် အဆောက်အဦရှေ့က မြို့လယ်ရင်ပြင် အလက်ဇန်းဒါး ပလတ်ဇ်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဂျာမန် လွှတ်တော်ရှေ့မှာ ရဲတွေက ဆန္ဒပြသူ အယောက် ၅၀ ကျော်ကို ဟန့်တားခဲ့ပါတယ်။ ဆန္ဒပြသူတချို့ကိုတော့ ရဲတွေက ယာယီထိန်းသိမ်းခဲ့ပါတယ်။ ဂျာမနီဟာ ကမ္ဘာတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးစာရင်းထဲမှာ ပဉ္စမမြောက် နိုင်ငံပါ။ ဒါပေမဲ့ ကူးစက်မှု အစပိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စစ်ဆေးမှုနဲ့ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေကြောင့် သေဆုံးသူဦးရေဟာ တခြားနိုင်ငံတွေနဲ့စာရင် တော်တော်နည်းပါးခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရသူ ၁၇၁,၃၂၄ ယောက်နဲ့ သေဆုံးသူ ၇၅၄၉ ယောက် ရှိထားပါတယ်။
11 months Ago
Up