ကန့်သတ်ချက် ပြန်ချ

September 10, 2020

ကိုဗစ်-၁၉ ကူးစက်မှုမြင့်လာသဖြင့် မြို့တော်ဂျာကာတာ၌ ကန့်သတ်ချက် ပြန်ချမည်

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ  မြင့်တက်တာကြောင့်  မြို့တော် ဂျာကာတာမှာ   လူမှုရေးကန်သတ်ချက်တွေကို   ပြန်ချမှတ်မယ်လို့  ပြည်နယ်အုပ်ချုပ်ရေးမှူးက စက်တင်ဘာ ၉  ရက်မှာ ပြောပါတယ်။‌ လူမှုရေးကန့်သတ်ချက်တွေဟာ ပြီးခဲ့တဲ့ ဧပြီကနေ ဇွန်လအထိ ချမှတ်ခဲ့တဲ့   ကန့်သတ်ချက်တွေနဲ့ အလားတူပြီး အဲဒီတုန်းက အများပြည်သူ ပို့ဆောင်ရေးကို  ကန့်သတ်ခဲ့သလို  ဆိုင်မှာ စားသောက်တာကိုလည်း တားမြစ်ခဲ့ပါတယ်။   စက်တင်ဘာ ၁၄ ရက်ကစလို့ ရုံးတွေကနေ အလုပ်လုပ်တာကို တားမြစ်သွားမယ်လို့  ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဝီ ဘတ်စ်ဝီဒန်က ပြောပါတယ်။    ဒီကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ မြို့တော် ဂျကာတာ နေထိုင်သူတွေမှာ  အမြင်အမျိုး မျိုး ဖြစ်နေပါတယ်။  တချို့က ဒီလို လုပ်လိုက်လို့  ဝင်ငွေထိခိုက်မှာ စိုးရိမ်သလို  တခြားလူတွေကလည်း ဒါဟာ  အနာဂတ်အတွက် ကောင်းမွန်တဲ့ အစီအစဉ်လို့ ယုံကြည်ကြပါတယ်။  စက်တင်ဘာလအတွင်း မြို့တော်ဂျာကာတာမှာ တစ်နေ့ကို ပျှမ်းမျှ ပိုးကူးစက်သူ တစ်ထောင်ကျော် ရှိနေပြီး  အခုဆိုရင် ကူးစက်သူ ၄၃,၀၀၀ ကျော်ရှိကာ ကပ်ရောဂါ စကတည်းက သေဆုံးသူ ၁,၃၀၀ ကျော် ရှိပါတယ်။  အင်ဒိုနီးရှား နိုင်ငံမှာ ပိုးကူးစက်သူ နှစ်သိန်းကျော်ရှိပြီး သေဆုံးသူက ၈၃၀၀ ကျော်ဖြစ်ကာ အရှေ့တောင်အာရှမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အများဆုံးဖြစ်ပါတယ်။ 
1 year Ago
Up