ကန့်သတ်ချက်

September 30, 2020

ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဆက်လိုက်နာရန်  ရုရှားသမ္မတ တိုက်တွန်း

ရုရှားနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်နှုန်း တိုးလာနေလို့ သမ္မတ ဗလာဒီမီယာပူတင်က ပြည်သူတွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တိုက်ဖျက်ရေး ကန့်သတ်ချက်တွေကို ဆက်ပြီး လိုက်နာကြဖို့ စက်တင်ဘာ ၂၉ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ရုရှား အပါအဝင် တကမ္ဘာလုံးဟာ အင်မတန်အန္တရာယ်ကြီးတဲ့ ရန်သူကို ရင်ဆိုင်နေရတယ်လို့ သူက နိုင်ငံတော်ကောင်စီနဲ့ အစည်းအဝေးအတွင်း ပြောပါတယ်။ စက်တင်ဘာ ၂၁ ရက်ကစပြီး နေ့စဉ်ကူးစက်နှုန်းက ၁ ဒသမ ၇ဆ တိုးနေတယ်လို့ ဒုဝန်ကြီးချုပ်က ပြောပါတယ်။ ရုရှားနိုင်ငံတွင်း ကူးစက်ခံ အတည်ပြုလူနာဦးရေ ၁,၁၆၈,၀၀၀‌ နီးပါး ရှိနေပြီး ကမ္ဘာ့ စတုတ္ထ ကူးစက်ခံလူနာ အများဆုံးနိုင်ငံ ဖြစ်နေတာပါ။ ၂၄ နာရီအတွင်း ကူးစက်ခံ သေဆုံးသူ ဦးရေ ၁၆၀ ရှိတယ်လို့ အာဏာပိုင်တွေက စက်တင်ဘာ ၂၉ ရက်မှာ ပြောပါတယ်။ ဒါကြောင့် စုစုပေါင်း ကူးစက်ခံ သေဆုံးသူဦးရေ ၂၀,၅၄၅ ယောက် ဖြစ်သွားပါတယ်။ ရုရှားဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖြစ်နိုင်ခြေအတွက် တီထွင်စမ်းသပ်တာတွေ ထိပ်တန်းအရှိန်အဟုန်နဲ့ တိုးလုပ်နေပြီး လူများစုကို ဆေးထိုး စမ်းသပ်နေပါတယ်။ ဒါကြောင့် ရုရှားဟာ သိပ္ပံပညာ ခိုင်လုံမှုနဲ့ ဘေးကင်းရေးထက် နိုင်ငံဂုဏ်သိက္ခာကို ပိုဦးစားပေးနေမှာကို လေ့လာသူတချို့က စိုးရိမ်နေကြပါတယ်။
1 year Ago

September 13, 2020

နယူးဇီလန်တွင် လူချင်းခပ်ခွာခွာနေရန် ကန့်သတ်ချက်ကို ကန့်ကွက်ဆန္ဒပြ

နယူးဇီလန်နိုင်ငံ အော့ကလန်မြို့မှာ စက်တင်ဘာ ၁၂  ရက်က အစိုးရရဲ့ လူချင်းခပ်ခွာခွာ နေရေး ကန့်သတ်ချက်တွေအပေါ် ပြည်သူအချို့က ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။    လူဦးရေ ၅ သန်းဝန်းကျင်သာရှိတဲ့ နယူးဇီလန်ဟာ ပြည်တွင်းကူးစက်မှုကို အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့လက အော့ကလန်မှာ ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန်  ဖြစ်ပွားခဲ့ပါတယ်။   ဒါကြောင့် အစိုးရက အော့ကလန်ကို လော့ဒေါင်းပြန်ချခဲ့ရပြီး  အဲဒီလို လော့ဒေါင်းချတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေပေါ်လာတာ ဖြစ်ပါတယ်။   အလားတူ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမှာလည်း လော့ဒေါင်းကို အာခံပြီး ဒုတိယ သီတင်းပတ်ဆက်တိုက်  ဆန္ဒပြခဲ့ပါတယ်။   ဒါကြောင့် အများပြည်သူ ကျန်းမာရေးအမိန့်ကို ချိုးဖောက်မှုနဲ့  ၁၄ ယောက်ကို ဖမ်းပြီး  ၅၁ ယောက်ကို  ဒဏ်တပ်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
1 year Ago
More News
Up