ကန့်ဘလူမြို့နယ်

December 6, 2021

ကန့်ဘလူမြို့နယ်က တိုင်း/လွှတ်တော်ကိုယ်စားလှယ်တစ်ဦး နေအိမ် ချိပ်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ် ရဲ့နေအိမ်ကို ဒီဇင်ဘာလ ၄ ရက် နေ့လယ်ပိုင်းမှာ အင်အား ၁၀ ဦး ခန့်ပါတဲ့ စစ်ကောင်စီတပ်တွေက ဗီနိုင်းဆွဲ ချိတ်ပိတ်သွားတယ်လို့ အဆိုပါကိုယ်စားလှယ်က အတည်ပြုပြောပါတယ်။

“ကျနော့်အိမ် ချိပ်ပိတ်သွားတယ်ဆိုတာ ရွာခံတွေပြောလို့ သိရပါတယ်။ ‌ဒီလိုဖြစ်လာမယ် ဆိုတာ မျှော်လင့်ထားပြီးသားဖြစ်လို့ ဘာမှတော့ စိုးရိမ်စိတ်မရှိပါဘူး။ မိသားစုကိုလည်း ဘေးလွတ်ရာ ရှောင်ခိုင်းထားပြီးသားပါ” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။

ဦးနေဇင်လတ်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီကနေ အမှတ် ၂ မဲဆန္ဒနယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီး၊ PDF တပ်ဖွဲ့နဲ့ ပတ်သက်ဆက်သွယ်တယ်လို့ဆိုကာ စစ်ကောင်စီက နေအိမ်ကို ချိပ်ပိတ်ခဲ့တာလို့ သိရပါတယ်။ 

နိုဝင်ဘာလလယ်ပိုင်းကလည်း ‌ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှိုင်မြင့်ဟန်ရဲ့ နေအိမ်ကို ချိပ်ပိတ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေးကာလအတွင်း ကန့်ဘလူမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူ ၆ ဦးအထိ ပစ်ခတ်သတ်ဖြတ်ထားသလို ၅၀ ကျော်ကိုလည်း ဖမ်းဆီးထားတယ်လို့  သိရပါတယ်။

1 month Ago

October 21, 2021

ကန့်ဘလူမြို့နယ်တွင် ပျူစောထီးခေါင်းဆောင် ၁ ဦး ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရီးဒွေးကျေးရွာနေ ဒလန် ပျူစောထီးခေါင်းဆောင်လို့ လူသိများတဲ့ အမျိုးသား တယောက်  အောက်တိုဘာ ၂၀ ရက် မနက် ၈ နာရီ ၁၅ မိနစ်လောက်က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၄၀ အရွယ် ကိုပေါတုတ် (ခေါ်) ကိုနိုင်သင်းဖြစ်ပြီး  မြေပဲစိုက်ထွန်ယက်နေချိန် ပစ်သတ်ခဲ့လို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့  Kabalu Underground Warriors အဖွဲ့က ထုတ်ပြန်ပါတယ်။ 

သူဟာ ရွာမှာ စစ်တပ်က  ရွာသားတွေကို လာဖမ်းရင် လမ်းပြလုပ်ပြီး ရွာတောင်ဘက်ခြမ်းက ပျူစောထီးအဖွဲ့ကို ခေါင်းဆောင်လုပ်နေကြောင်း၊ စစ်ကောင်စီက ပေးထားတဲ့ တူမီး လက်နက်တွေနဲ့ ရွာမြောက်ခြမ်းက ပြည်သူတွေကို ခြိမ်းခြောက်တတ်ကြောင်း၊ ပါတီမတူလို့ဆိုပြီး ညီအစ်ကိုချင်းတောင် ဖမ်းဆီးပြီး ဒုက္ခပေးခဲ့ကြောင်း  ရွာသားတွေက ဆိုပါတယ်။ 

ရီးဒွေးကျေးရွာကို စစ်တပ်က ဝင်စီးတာ ၆ ခါလောက်ရှိနေပြီး ရွာက အန်အယ်လ်ဒီပါတီဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ စစ်တပ်ရဲ့ နေအိမ်ဥစ္စာဖျက်ဆီးခံရကာ ရွာမှာ မနေရတော့ဘဲ တောထဲမှာ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ကန့်ဘလူမြို့နယ်အတွင်းက အကြမ်းဖက်စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားရဲ့ ထောက်တိုင်တွေ ဖြစ်တဲ့  ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေ အခုချိန်ကစ နုတ်ထွက်ကြဖို့၊ အပြစ်မဲ့ ပြည်သူတွေကို အခြေအမြစ်မရှိတဲ့ အကြောင်းပြချက်တွေနဲ့ တိုင်တန်းပြီး ဖမ်းဆီးခိုင်းနေတဲ့ အဆိုပါ ဒလန်တွေအနေနဲ့ လုပ်နေတာတွေကို ရပ်တန်းက ရပ်ဖို့၊   စစ်ကောင်စီလက်အောက်မှာ အလုပ်လုပ်နေတဲ့ ရုံးဝန်ထမ်းတွေအတွက်လည်း အလုပ်ဆက်လုပ်နေမယ်ဆိုရင်   အသက် အာမ မခံ‌နိုင်ကြောင်း KBU-UG အဖွဲ့က အောက်တိုဘာ ၂၀ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ 

3 months Ago
More News
Up