ကန့်ဘလူ

A d v e r t i s e m e n t With Us

December 19, 2020

ဇီးကုန်းမြို့ ရွှေဖောင်ဦး ပရိယတ္တိစာသင်တိုက်ကို အသွားအလာကန့်သတ်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ ရွှေဖောင်ဦး ပရိယတ္တိစာသင်တိုက်မှာ ဆွမ်းလာကပ်သူ ၁ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာကြောင့် ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းလောက်‌ကစပြီး အသွားအလာကန့်သတ်ထားတယ်လို့ မြို့နယ်  Facility quarantine center တာဝန်ရှိသူတဦးဖြစ်သူ ကိုဇော်သိန်းက ပြောပါတယ်။ ပိုးတွေ့လူနာဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ညနေပိုင်းက ရွှေဖောင်ဦးကျောင်းရဲ့ စားဖိုဆောင်မှာ ဆွမ်းဝင်ချက်ခဲ့ပြီး ၁၇ ရက်နေ့မှာ အနံ့ပျောက်တာကြောင့် စစ်ဆေးရာမှ ပိုးတွေ့ခဲ့တာလို့ ဆိုပါတယ်။ ပိုးတွေ့လူနာနဲ့အတူ ဆွမ်းချက်ခဲ့တဲ့ ကျောင်းဝေယာဝစ္စ  လုပ်သူတွေကို ဇီးကုန်းမြို့ Facility quarantine center မှာ  ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အဲဒီဘုန်းကြီးကျောင်းမှာ သံဃာအပါး ၆၀ ရှိပြီး ဆွမ်းအတွက် ဘုန်းကြီးကျောင်းရဲ့ အပြင်ကနေ စီစဉ်ပေးထားတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဇီးကုန်းမြို့ မှာ ဒီနေ့အထိ ပိုးတွေ့လူနာ ၆ ဦးရှိပြီဖြစ်ပြီး ကွာရန်တင်းဝင်နေသူ ၁၂၄ ဦး ရှိတယ်လို့ သိရပါတယ်။ သတင်း - ပြည့်ဖြိုးကိုကို
2 months Ago

June 22, 2020

ဇူလိုင်လလယ်ခန့် မိုးစပါးရေ စတင်ပေးဝေမည်

လာမယ့် ဇူလိုင်လလယ်လောက် မိုးစပါးရေ စတင်ပေးဝေဖို့အတွက် စီစဉ်နေတယ်လို့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူတယောက်က ဆိုပါတယ်။ နွေစပါးရာသီ ပြီးသွားတာကြောင့် မိုးစပါးအတွက် ပျိုးထောင်တာ၊ မြေပြင်တာ လုပ်နိုင်ဖို့ ဝင်ရေတွေ စုဆောင်းနေတယ်လို့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကိုက ဒီဗွီဘီကို စာနဲ့ ပေးပို့ဖြေကြားထားတာပါ။ မုတ်သုံစဝင်နေပြီဖြစ်တာကြောင့် တချို့ဒေသတွေမှာ စီးဝင်ရေပမာဏ အတော်အသင့် စုဆောင်းရထားပြီဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်မိုးရာသီက ရေအဝင်နည်းခဲ့တဲ့ သဖန်းဆိပ်ရေလှောင်တမံမှာလည်း အခုဇွန်လထဲမှာ စီးဝင်ရေဧက ၁ သိန်းခွဲကျော်ဝင်ခဲ့တာကြောင့် အခု ရေလှောင်ပမာဏ ၅၃၀၀၀၀ ကျော် ဝင်ရောက်နေပြီလို့ ဆိုပါတယ်။ ဆည်ရေကို အကျိုးရှိရှိသုံးနိုင်ဖို့အတွက် ရေအသုံးချသူများအဖွဲ့ (Water User Group-WUG)ကို ရေလှောင်တမံတခုချင်း၊ ရေပေးမြောင်းတခုချင်းစီအလိုက် တနိုင်ငံလုံးအတိုင်းအတာနဲ့ အဖွဲ့ပေါင်း ၂၀၀၀ ကျော် ဖွဲ့စည်းပေးထားတယ်လို့ ဖြေကြားထားပါတယ်။ သဖန်းဆိပ်ရေလှောင်တမံဟာ ကန်ရေပြည့်ဆိုရင် ရေလှောင်ဧကပေ ၂၈ သိန်းလောက် သိုလှောင်နိုင်ပြီး ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ စစ်ကိုင်း၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ အရာတော်၊ ဘုတလင်မြို့နယ်တို့ကို ရေပေးနေတာ ဖြစ်ပါတယ်။ မနှစ်ကတော့ အဲဒီဆည်ရေနဲ့ မိုးစပါး ဧက ၅ သိန်းလောက် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ကန့်ဘလူဒေသခံတယောက်က “ဇွန်လကုန်မှာ ပျိုးထောင်ရေပေးမယ်လို့ မြောင်းဦးစီး (လယ်သမားထဲက ဆည်ရေနဲ့ပတ်သက်တဲ့တာဝန်ခံ) တွေကို ဆည်မြောင်းက အကြောင်းကြားထားတယ်။ ခုတော့ တချို့က လယ်ကြားက ကန်ရေတို့၊ ၅ ပေါက်တွင်း၊ ၄ ပေါက်တွင်း (တနေရာတည်းမှာ ပိုက် ၄ လုံး၊ ၅ လုံး ချထားတဲ့တွင်းတိမ်) တွေနဲ့ တင်ကြတော့ တချို့ကတော့ ပျိုးထောင်ထားကြပြီ။ ပုံမှန်ဆို ဒီအချိန်က ပျိုးထောင်ချိန်ဖြစ်ပေမယ့် အားလုံးနီးပါးက ပျိုးမထောင်ကြရသေးပါဘူး” လို့ ပြောပါတယ်။ လယ်သမားတွေအနေနဲ့ ရာသီဥတုကိုကြည့်ပြီး စိုက်နေရတာကြောင့် အရင်က သက်ကြီးစပါးတွေ စိုက်ခဲ့ကြပေမယ့် အခုတော့ သက်ငယ်စပါးတွေပဲ ပြောင်းလဲ စိုက်နေကြရတယ်လို့ ဆိုပါတယ်။
8 months Ago
Up